သူငယ်ချင်းမောင်သာနိုး(သို့)ကျောင်းသားခေါင်းဆောင်စာရေးဆရာ၊ ကဗျာဆရာ
(၁)
၂၀၂၂ ခုနှစ်ကုန်လို့ နှစ်သစ်ဖြစ်တဲ့ ၂၀၂၃ ဇန်နဝါရီလ၊ ၁ရက်နေ့မှာ ကမ္ဘာကျော်အသံလွှင့်မီဒီယာတစ်ခုဖြစ်တဲ့ ဘီဘီစီ ရုပ်သံလွှင့်ဌာနကြီးက “၂၀၂၂ ခုနှစ်တွင် ကြွေလွင့်ခဲ့ကြသူများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကြေညာ နေပါတယ်။ ကျွန်တော်လည်း စိတ်ဝင်တစား နားထောင်တေမိပါတယ္။ ကြေညာချက်က ဒီလိုပါ။
ဆရာကြီးမောင်သာနိုးဟာ “စာရေးဆရာ၊ ကဗျာဆရာနဲ့ ဘာသာဗေဒ ပညာရှင် ဖြစ်ပါတယ်။ မောင်သိင်္ဂါဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာတွေ ရေးသားခဲ့သလို မောင်သာနိုးဆိုတဲ့ ကလောင်နာမည်နဲ့ မြန်မာစာအရေးအသား၊ ဘာသာပြန်ကဗျာတွေ၊ ကဗျာသီအိုရီတွေ၊ အင်္ဂလိပ်စာပို့ချချက်တွေနဲ့ ဘာသာဗေဒဆိုင်ရာ ဆောင်းပါးတွေ ရေးသားခဲ့တဲ့သူပါ။ လူထုသတင်းစာ၊ မန်းခေတ်သတင်းစာတွေမှာလည်း အယ်ဒီတာလုပ်ခဲ့ဖူးပါတယ်။ ဗုဒ္ဓအကြောင်း ရေးသားထားတဲ့ အာရှတိုက်အလင်းရောင် ဘာသာပြန် ကဗျာစာအုပ်တွေဟာ နာမည်ကြီးစာအုပ်အဖြစ် ထင်ရှားပါတယ်။ ဆရာကြီးမောင်သာနိုးဟာ ၂၀၁၆ ခုနှစ်မှာ အမျိုးသားစာပေ တသက်တာဆု ရရှိခဲ့သူပါ။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ရက်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိနမှာ အသက် (၉၁) နှစ် ရှိပါပြီ” လို့ သတင်းကြေညာချက်မှာ ကြားလိုက်ရပါတယ်။

#ဆက်ရန်ရှိ