24 ပတ် - ဘာသာပြန်ပါ။

စိတ်ကော လူကော ...
ပင်ပန်းနေတဲ့ ရက်တွေဆိုရင်လေ
ခင်ဗျားဖက်ထားတာလေးကို
လိုချင်ခဲ့တာ ...

ဘယ်အရာကြောင့်ဆိုပြီး
သေသေချာချာ
ပြောပြလို့မရတော့လောက်အောင်
အဆင်မပြေတာတွေ
စုပြုံနေတဲ့ ရက်တွေကျရင်
ခင်ဗျားရဲ့
အဆင်ပြေသွားမှာဆိုတဲ့ စကားလေးကို
လိုအပ်ခဲ့မိတာ ။

ကျွန်တော်က ...
သန်မာအောင် နေပါတယ်
သန်မာချင်ယောင်လည်း ဆောင်ပါတယ်

ဒါပေမယ့်
ကျွန်တော် ငိုချမိတဲ့အခါ
အပြစ်တင်မယ့်အစား
ဖေးမတတ်တဲ့ လူတစ်ယောက်တော့
လိုချင်မိလို့ ရတယ် မဟုတ်လား။

ကျွန်တော် ပြိုလဲမိတဲ့အခါ
ဒါတွေက ဖြစ်လေ့ဖြစ်ထပါဆိုပြီး
လဲကျနေတဲ့လူတစ်ယောက်ကို
ခလုတ်တိုက်မသွားမယ့်
လူတစ်ယောက်လောက်တော့
လိုချင်မိလို့ ရတယ်မဟုတ်လား

ကျွန်တော်က ... သန်မာအောင် နေပါတယ်
သန်မာချင်ယောင်လည်း ဆောင်ပါတယ်

ဒါပေမယ့်...
ဆက်ပြီး ဟန်ဆောင်နေနိုင်ဖို့ဆို
ကျွန်တော် ခင်ဗျားကို လိုပါတယ် ။

#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)

image