24 ပတ် - ဘာသာပြန်ပါ။

နှစ်ကာလတစ်ခုအထိတော့ ကျွန်မတို့အချစ်ဟာ ကြည်လင်စရာတစ်ခုပါပဲ
ကျွန်မတို့ကြားမှာ အက်ကြောင်းလေးတစ်ခုတောင်ရှိမနေခဲ့ဘူးဆိုတာကို ယုံကြည်ခဲ့တယ်
အဲ့ဒီလိုနဲ့ ကျွန်မ လူတစ်ယောက်ကို မြတ်နိုးစိတ်နဲ့နစ်ဝင်သွားဖူးတာပဲ။

သူ့ဆီကရုန်းထွက်နိုင်ဖို့ အကြောင်းပြချက်သေးသေးလေးတစ်ခုကိုတောင် ရှာမတွေ့ခဲ့ဘူး
သိပ်အံ့သြစရာမကောင်းဘူးလား။

သူက ကျွန်မဆီကလွတ်မြောက်ဖို့ ဘာမဆိုလုပ်နေတဲ့အချိန်မှာ ကျွန်မကတော့ သူ့ဆီကိုရတဲ့လမ်းကနေပြန်သွားခဲ့တယ်
သူ့အတွက် ကျွန်မက အိမ်မက်ဆိုး ဆိုရင် သူကကျွန်မအတွက်တော့ ငရဲတစ်ခုပဲ
အဲ့ဒီငရဲက ကျွန်မရဲ့စိတ်နဲ့ခန္ဓာတစ်ခုလုံးကိုနေ့ရော ညပါ လောင်ကျွမ်းပစ်လိုက်တာပါပဲ။

ဒဏ်ရာတွေမှာ ဒဏ်ရာထပ်လာတော့ ကျွန်မကိုယ်ကျွန်မ ပြန်ရှာမရတော့ဘူး
အိမ်မက်တွေထဲအထိ သူ့ဆီကိုပြေးလိုက်နေရတယ်။

အဲ့ဒီနေရာမှာပဲ ကိုယ့်ကိုယ်ကိုပြန့်ကျဲ သစ်ပင်လို
အမြစ်တွယ်ခဲ့တယ်
သူပြန်မလာဘူး ဘယ်တော့မှလည်းပြန်လာမယ်မထင်ဘူး
အဲ့ဒီလိုပဲ ကျွန်မလည်း ဘယ်ကိုမှထွက်မသွားရဲ။

#ဇူခီ

image