‘ဝ’နဲ့ ထိုင်းစစ်တပ်နယ်စပ်မှာ တင်းမာနေချိန် ထိုင်းနိုင်ငံခြားရေးအကြံပေး နေပြည်တော်ရောက်
နိုဝင်ဘာ ၂၈
ထိုင်း - မြန်မာနယ်စပ်မှာ ‘ဝ’တပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ တင်းမာမှုဖြစ်နေချိန်မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေး မစ္စတာ ဒူ့စစ် မနာပန်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ နေပြည်တော်မှာ နယ်စပ်အရေးဆွေးနွေးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းမှာ တွေ့ဆုံချိန် နယ်စပ် တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးလည်း ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးအကြံပေးရဲ့ နေပြည်တော် ခရီးစဥ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်၊ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ထဲက နှစ်နိုင်ငံ နယ်မြေ ပိုင်းခြားသတ်မှတ်တာ မလုပ်ရသေးတဲ့နေရာအချို့မှာ ‘ဝ’ တပ်(UWSA) က ဝင်ရောက်နေရာယူထားတာကို ဒီဇင်ဘာလ ၁၈ ရက် နောက်ဆုံးထားပြီး ပြန်ဆုတ်ပေးဖို့ ထိုင်းစစ်တပ်က ‘ဝ’ တပ်ဖွဲ့ကို သတိပေးထားပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး
