ကမ္ဘောဒီးယားဘုရင်မင်းမြတ် ဗီယက်နမ်သို့နိုင်ငံတော်ခရီးစဉ်သွားမည်
ဖနောင်ပင်၊နိုဝင်ဘာ ၂၇
ဗီယက်နမ်သမ္မတ၏ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားဘုရင်မင်းမြတ်သည် နိုဝင်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့များတွင် ဗီယက်နမ်သို့ နိုင်ငံတော်ခရီးစဉ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါနိုင်ငံတော်ခရီးစဉ်အတွင်း ကမ္ဘောဒီးယားဘုရင်မင်းမြတ်သည် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးများအတွက် အမြင်ချင်းဖလှယ်ကာဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယခုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး တည်မြဲရေး အတွက် အရေးပါသည့်မှတ်တိုင်တစ်ခုဖြစ်ပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား ကောင်းမွန်သည့် ဆက်ဆံရေးနှင့် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကိုများပြားလာစေကြောင်းလည်းပြောကြားခဲ့သည်။
ဘုရင်မင်းမြတ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်၊တော်ဝင်နန်းတော်ဝန်ကြီး ကူဆိုဖီ၊ဘုရင့်အစိုးရအဖွဲ့ ညွှန်ကြားရေးဝန်၊ အထက်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ အမတ်များလည်း ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ပြောကြားချက်အရသည်။
