25 ပတ် - ဘာသာပြန်ပါ။

ထိန်းချုပ်လို့မရတဲ့အရာတွေထဲ မင်းမျက်ဝန်းတွေ ပါနေတယ်
ခဏခဏ ငေးကြည့်ချင်ခဲ့တဲ့ မသိစိတ်ရဲ့အထဲမှာ
မျှော်လင့်ချက်တွေ ပါနေတယ် အချစ်ရယ်

ဖွင့်ဟဖို့ လုံလောက်တဲ့သတ္တိတွေကနည်းလို့
စောင့်နေတဲ့ ရာသီတွေပေါင်းများစွာ
မင်းရှေ့ကို ဘယ်တော့မှ အရောက်မလာရဲခဲ့ပေါ့

ခဏလောက်ပိုင်ဆိုင်ကြည့်ချင်တာမျိုး မဟုတ်
ဘဝတစ်လျှောက်လုံး ငေးကြည့်ချင်တဲ့ နေဝင်ချိန်ထဲက
ခိုဖြူဖြူလေးဟာ မင်းပဲ

အိမ်မက်တွေ သိပ်လှတယ်ဆိုတာ
မင်းနာမည်ကလေးနဲ့ ရောက်လာလို့ပါပဲ။

-ဇူခီ

image