Morning ပါကလေးရေ ...🤍🤍🤍
မနေ့က
ကောင်းကောင်းမှ အိပ်ပျော်ရဲ့လား
ကလေးရဲ့
အိပ်မက်တွေ မကြိုက်တဲ့မင်းအတွက်
အိပ်မက်တွေ မမက်စေဖို့
ဆုတောင်းလေးကော ပြည့်ရဲ့လား
ဒီအချိန်လောက်ဆို
ဒီကောင်မလေးက
ကော်ဖီသောက်ပြီးနေလောက်ပြီ ထင်ပါတယ်
မနက်စာ စားဖို့
တော်တော်လေး
ပြောယူရဦးမယ် ထင်ပါတယ်
ဂရုစိုက်နော် ကလေးရဲ့ ...
အစစအရာရာပေါ့
သွားတာလာတာ စားတာသောက်တာ
၀တ်တာစားတာ
နေတာထိုင်တာ
အစစ အဆင်ပြေစေချင်ပါတယ်
ပြီးတော့လေ ..
အရေးကြီးဆုံးက
မနက် မျက်လုံးနှစ်လုံးပွင့်ရင်
မင်းပြုံးနေတာလေးကို
အရင်ဆုံး လိုချင်တယ်
တစ်နေ့တာ အတွက်
အကောင်းဆုံး လက်ဆောင်လေးပဲ မဟုတ်လား
ပြီးတော့
အလိုချင်ဆုံး ဆုလေးပဲ မဟုတ်လား
အလှဆုံး ပြုံးပါ
ပြီးတော့ အပေါ့ပါးဆုံးလေး ရီမောပါ
အလှဆုံး မနက်ခင်းလေး ဖြစ်ပါစေနော် ..
Morningပါနော် ကလေး 🤍🤍🤍
#ကျေးကို
