ဘယ်လောက်နာကျင်ရ နာကျင်ရ လွတ်မချရက်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို ကြုံဖူးလား။
တစ်ခါတစ်လေကျ အနီးဆုံးထိ ဆွဲယူပွေ့ဖက်ထားချင်မိပြီး
တစ်ခါတစ်လေကျ အဝေးဆုံးကို တွန်းထုတ်ပစ်ချင်ခဲ့မိတယ်
ကိုယ့်ကို ချစ်လား လို့ မေးလာရင်
အရမ်းနာကျင်ရတာပဲ. . .လို့ဖြေပြီး
ကိုယ့်ကိုခွဲနိုင်လားလို့ မေးလာရင်
ဟင့်အင်းလို့ပဲ ခေါင်းခါမယ်
စိတ်ကလည်း ခက်တယ်နော်
သူပေးတဲ့ဒဏ်ရာနဲ့ကိုမှ သူ့အနားပဲရှင်သန်နေချင်တာမျိုး
သေမလိုနေ့ရက်တွေမှာ သေမတတ်ချစ်ခဲ့ရတဲ့လူတစ်ယောက်အကြောင်းပါ
ဘယ်အခြေအနေမှာဖြစ်ဖြစ် ကိုယ် လွတ်မချရဲခဲ့တဲ့ သံယောဇဉ်ကြိုးတစ်စပေါ့
အသက်တမျှ နာနာကျင်ကျင်။
#ဖရော်ဆန်
