31 ပတ် - ဘာသာပြန်ပါ။

ဒီအပတ်ကြားရက် ချန်ပီယံလိဂ်ပွဲတွေမှာ ပတ်နဲ့ မန်စီးတီးကို အပိတ်ပွဲကို နိုင်ပွဲနဲ့ သိမ်းသွားတဲ့ အမိုရင်မရှိတော့လို့ အာဆင်နယ်ကတော့ သက်ပြင်းချနေလောက်မယ်။

မန်စီးတီးကတော့ ၅ပွဲဆက် အရှုံးကို ဖီယင်နုအသင်းပေါ် အတိုးချပီး ဖြေသိမ့်ပြသွားမလား။

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ကတော့ နည်းပြချင်းယှဥ်ရင် ပီအက်စ်ဂျီက တပန်းသာနေတယ်ဆိုပေမယ့် ဘိုင်ယန်က မောင်ကိန်းရဲ့ ဂိုးသွင်းနှုန်းကို ဆက်ကြည့်ရမလား။

လီဗာပူးနဲ့ ရီးရဲလ်ကတော့ ရင်ခုန်စရာအကောင်းဆုံးဖြစ်လာမယ်လို့ ထင်တယ်။ ရှုံးထွက်ပွဲတွေမှာ ဒီ၂သင်း ထိပ်တိုက်တွေ့ရင် အငိုက်ချောင်းကြလို့ သွေးအေးတတ်ကြပေမယ့် အုပ်စုပွဲဖြစ်နေတော့ ကြည့်ကောင်းမှာပါ။

အမ်မရီရဲ့ ဗီလာကတော့ အရှေ့ပွဲမှာ အထာမနှပ်လို့ ခံလိုက်ရပေမယ့် ဂျူဗင်ရဲ့ သမ္ဘာကို ကျော်နိုင်ပါ့မလား။

image