ရှုံးပွဲဆက်နေသော်လည်း အသင်းကစားပုံကို ပြောင်းလဲရန် မလိုအပ်ဟု နည်းပြဂွါဒီယိုလာပြော
မန်စီးတီးအသင်း ရှုံးပွဲဆက်နေပေမဲ့အသင်းရဲ့ ကစားပုံကို ပြောင်းလဲဖို့ မလိုအပ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာပါ။ ဖီယင်နုနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ကစားပုံပြောင်းလဲဖို့ လိုအပ်သလားဆိုတဲ့ သတင်း ထောက်တယောက်ရဲ့ မေးခွန်းအပေါ် ဘာကြောင့် ပြောင်းလဲဖို့လိုအပ်မှာလဲလို့ နည်းပြဂွါဒီယိုလာက ပြန်လည်မေးခွန်းထုတ်ခဲ့တာပါ။
အသင်းသွားနေတဲ့ လုပ်ငန်းစဉ်တွေအပေါ် ကြီးမားတဲ့ယုံကြည်မှုရှိပြီး ရှုံးနိမ့်တဲ့ပွဲစဉ်တွေမှာ စိတ်ရှည်မှု နည်းပါးခဲ့တာကြောင့်သာ ရလဒ်မကောင်းခဲ့တာလို့ ဂွါဒီယိုလာက ပြောသွားပါတယ်။
DVB
Photo-Reuters
