25 w - Translate

မန်ယူနည်းပြသစ် အာမိုရင်၏ ဘောလုံးဒဿန နောက်ခံလူ ဒါလော့ ချီးကျူး

မန်ယူနည်းပြသစ် အာမိုရင်ရဲ့ ဘောလုံးဒဿနအပေါ် နောက်ခံလူ ဒါလော့က ချီးကျူးစကား ဆိုပါတယ်။

နည်းပြအာမိုရင်ရဲ့ ကစားကွက်အသစ်ဟာ အသင်းအပေါ် သက်ရောက်မှုတခုရှိခဲ့ပြီး အသင်းကြီးတသင်းရဲ့ စရိုက်လက္ခဏာမျိုး ပြန်လည်ရရှိတယ်လို့ ခံစားရကြောင်း နောက်ခံလူ ဒါလော့က ပြောပါတယ်။

ပေါ်တူဂီနောက်ခံလူဟာ အစ်ဆွစ်နဲ့ တဂိုးစီသရေကျခဲ့တဲ့ နည်းပြသစ် အာမိုရင်ရဲ့ ပထမဆုံးပွဲစဉ်မှာ ပွဲထွက်ကစားခဲ့သူပါ။

နည်းပြအာမိုရင်ရဲ့ ဘောလုံးအတွေးအခေါ်နဲ့ ကစားကွက်က အသင်းရဲ့အဆင့်အတန်းနဲ့ ကိုက်ညီမှုရှိပြီး လက်တွေ့ကစားနိုင်ဖို့သာ လေ့ကျင့်ဖို့လိုအပ်မှာဖြစ်ကြောင်း ဒါလော့က ပြောပါတယ်။

လေ့ကျင့်ချိန်များလာတဲ့အခါ အခုထက်ပိုကောင်းတဲ့ ကစားပုံတခု ရရှိလာမှာဖြစ်ပြီး နည်းပြ အာမိုရင်နဲ့ နည်းပြအဖွဲ့ဝင်တွေကို ချီးကျူးရမှာဖြစ်ကြောင်း ဒါလော့က ပြောပါတယ်။
DVB
Photo-Reuters

image