ကလောမှာ ဆီဘောင်ဆာယာဉ် (၁)စီး တိမ်းမှောက်မှု ဖြစ်ပွား
နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်ထဲက ဝက်ဖြူရေ ကျေးရွာ အုပ်စု၊ ရေယားကျေးရွာနား၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆီဘောင်ဆာယာဉ် (၁)စီး တိမ်းမှောက်မှု နိုဝင်ဘာ ၂၅ ရက်နေ့က နေလည်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။
အဲ့ဒီယာဉ်တိမ်းမှောက်မှုကို ကလောမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက် ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်ရာကနေ မီးလောင်မှုမဖြစ်စေဖို့အတွက် အမြှုပ်ဆေးရည်နဲ့ ဖုံးအုပ်ပက်ဖျန်းတာတွေ၊ တိမ်းမှောက်ယာဉ်ပေါ်က ဓါတ်ဆီတွေကို အခြားဘောက်ဆာယာဉ်သို့ ရွှေ့ပြောင်းရာမှာ မီးလောင်မှုမဖြစ်စေရေးအတွက် အအေးပေးတဲ့ လုပ်ငန်းတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ် တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး
