♣ ကောင်းစားစေချင်လို့ ဆိုပြီး
♣ လူကြားထဲမှာ အရှက်ခွဲခဲ့တဲ့
♣ လူတချို့ရယ် ။
♣ ခင်လို့စတာပါ ဆိုပြီး
♣ အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
♣ လူတချို့ရယ် ။
♣ ဖြစ်တတ်ပါတယ် ဆိုပြီး
♣ ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
♣ လူတချို့ရယ် ။
♣ ငါဘဝမှာ နင့်ကိုအခင်ဆုံး ဆိုပြီး
♣ သူစိမ်းဆန်သွားတဲ့
♣ လူတချို့ရယ် ။
♣ နွေးထွေးစွာ ပွေ့ဖက်ထားမယ့် ဟန်ပန်နဲ့
♣ ရင်ဝကိုရက်ရက်စက်စက် ဆောင့်ကန်ခဲ့တဲ့
♣ လူတချို့ရယ် ။
♣ နင့်အတွက် ငါရှိတယ် ဆိုပြီး
♣ နောက်ကျောကို ဓားနဲ့
♣ အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
♣ လူတချို့ရယ် ။
♣ ဆွဲထူမလိုလိုနဲ့
♣ ဆောင့်တွန်းခဲ့တဲ့
♣ လူတချို့ရယ် ။
♣ မျှော်လင့်ချက်တွေ ပေးပြီး
♣ အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တဲ့
♣ လူတချို့ရယ် ။
♣ ဘဝမှာအဲ့လိုလူတွေနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း
♣ စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ် ။
♣ အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
♣ မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး ။
♣ ကျွန်တော်အပေါ်ယံ လူတွေကို တကယ်မုန်းလာတယ် ။]
OoThi
