25 ပတ် - ဘာသာပြန်ပါ။

မင်္ဂလာဒုံ ပန်းခြံအနီး ခရီးသည်တင်ယာဉ် လမ်းဘေးသစ်ပင်ကို တို-က်မိမှုဖြစ်ပွားပြီး အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရ

ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း၊ မင်္ဂလာဒုံပန်းခြံအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို တို-က်မိမှုဖြစ်ပွားပြီး အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြသီတာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယနေ့ နိုဝင်ဘာ (၂၅) ရက်၊ နေ့လယ် (၃)နာရီခွဲအချိန်ခန့်က မင်္ဂလာဒုံ ပန်းခြံအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး ယာဉ်မတော်တဆဖြစ်ပွားကြောင်း သတင်းအရ မြသီတာလူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းများ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နေရာအရောက် ခရီးသည်တင်ယာဉ်တစ်စီးမှ လမ်းဘေးသစ်ပင်ကို တို-က်မိခြင်းဖြစ်ပြီး ယာဉ်မောင်းအမျိုးသား (၁)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၎င်းအား လိုအပ်သည့် အရေးပေါ် မြေပြင်ဆေးကုသပေးပြီး အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ မြသီတာ လူမှုကူညီရေးအသင်း၏ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

image