Donald Trump , Elon Musk နဲ့ Steve Jobs တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ထားတဲ့ iPhone 16 Pro Collection
ဒူဘိုင်းအခြေစိုက် ဇိမ်ခံစမတ်ဖုန်းတွေကို Customize ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cavior ကနေ iPhone 16 Pro Series အတွက် အထူးတလည်ပြင်ဆင်ထုတ်လုပ်ထားတဲ့ “Visionaries” collection ဆိုတာကို မိတ်ဆက်လာပါတယ်။ ဒီနေရာမှာ ထူးခြားချက်က ဒီ collection ဟာ Donald Trump , Elon Musk နဲ့ Steve Jobs တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ထားတာပါ။
ဂုဏ်သိက္ခာကြီးမားတဲ့ လူပုဂ္ဂိုလ် ၃ ဦးကို ကိုယ်စားပြုထားတာမို့ အမျိုးအစား ၃ မျိုးနဲ့လာပါတယ်။
ပထမတစ်ခုဖြစ်တဲ့ The Steve Job Model ကတော့ ဒေါ်လာ 9,340 က စပြီး Steve Job ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ထားတာပါ။ ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ တိုက်တေနီယမ်နဲ့ ပြုလုပ်ထားပြီး ကျောဘက်မှာ အနက်ရောင် PVD Coating နဲ့ဖြစ်ပါတယ်။ ရွေရောင်ထွင်းထားတဲ့ Apple Logo ကို ရွှေရောင်နှစ်ထပ်နှင့် ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
Trump Great Again model လို့ ခေါ်တဲ့ ဒုတိယတစ်ခုကတော့ မကြာသေးခင်က ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမေရိကန်သမ္မတ Donald Trump ကို ဂုဏ်ပြုထားတာဖြစ်ပြီး ဒေါ်လာ 9,200 ကစပါတယ်။ သူ့မှာလည်း တိုက်တေနီယမ်ဘော်ဒီနဲ့ အနက်ရောင် PVD Coating နဲ့ ပြုလုပ်ထားပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ Trump ရဲ့ အထင်ကရအနီရောင်လည်စီးနဲ့အတူ အမေရိကန်အလံကိုလည်း ပူးတွဲဒီဇိုင်းဆင်ထားပါတယ်။ နောက်ပြီး Trump ရဲ့ လက်သုံးစကား “Great Again” စာသားကိုပါ တွေ့မြင်ရမှာပါ။
ဒေါ်လာ 9,900 ကစပြီး ဈေးအကြီးဆုံးလို့ပြောတဲ့ Musk Be On Mars edition ကတော့ Elon Musk ကို ကိုယ်စားပြုထားတာဖြစ်ပြီး SpaceX စွမ််းဆောင်မှုတွေ အောင်မြင်မှုကို အဓိကရည်ရွယ်ထားပါတယ်။ ဒီဖုန်းမှာ ထူးခြားချက်က SpaceX Starship ဒုံးပျံရဲ့ အစိတ်အပိုင်းကို ယူပြီး ဖန်တီးထားတာပါ။ အနက်ရောင်ကျောဘက်မှာ အာကာသထဲရှိတဲ့ ဒုံးပျံဒီဇိုင်းလုပ်ထားပြီး Musk ရဲ့ နာမည်နဲ့ လတ်မှတ်အပြင် “Musk Be On Msra” စာသားကိုပါ ထွင်းထားတာပါ။
Cavior ရဲ့ “Visionaries” collection မှာတော့ iPhone 16 Pro Series အပြင် iPhone 15 Pro နဲ့ iPhone 15 Pro Max တို့လည်း ပါဝင်ပြီး Storage 128GB ကနေ 1TB အထိ ရွေးချယ်နိုင်ပါတယ်။ မော်ဒယ်တစ်ခုချင်းစီဟာ အကန့်အသတ်နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ၁ မျိုးစီအတွက် ၉၉ လုံးသာ ထုတ်လုပ်ထားပါတယ်။
Cavior ဟာ အရင်လတွေတုန်းကလည်း 24K မိကျောင်းသားရေနဲ့ ပြုလုပ်ထားတဲ့ Huawei Mate XT Ultimate နဲ့ ဒေါ်လာ 10,620 တန်ဖိုးရှိ ရွှေနဲ့ပြုလုပ်ထားတဲ့ desert titanium color iPhone 16 Pro တို့ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။
Akhayar Tech
