"အသက်အရွယ်ဆိုတာမေ့ထားလိုက်ပါ။ကိုယ့်ပျော်ရွှင်မှုကို ရှာဖွေလိုက်စမ်းပါ" ကြိုက်ပြီ အဘွားရေ
စဆော့ကတည်းက ကြိုက်သွားလို့ Fortnite ကို ဆော့ဖြစ်နေတဲ့ ဂိမ်းဘွားဘွား
Cath Bowie ဆိုတဲ့ ဘွားဘွားဟာFortnite ကို ဆော့လာတာ ၇ နှစ်လောက်ရှိနေပါပြီ။ စကော့လူမျိုးဘွားဘွား ကြီးဟာ 76 နှစ် အရွယ် ရှိကာ ဂိမ်းဆော့တဲ့ live streams တွေလည်း လွှင့် ပါသေးတယ်။ မြေးဖြစ်သူဆော့နေတာကို မြင်တွေ့ချိန် စိတ်ဝင်စားပြီးနောက် ဘယ်လိုဆော့ရမယ်ဆိုတာကို မြေးဖြစ်သူက ရှင်းပြပေးခဲ့တာဖြစ်ပါတယ်။ " မြင်မြင်ချင်း စွဲလမ်းတယ်ဆိုတဲ့ စကားက အဲဒီဂိမ်းနဲ့ တွေ့ချိန် ကျွန်မအတွက် အလွန်မှန်တဲ့ စကားဖြစ်သွားပါတယ်" လို့ ဂိမ်းဘွားဘွားကြီးက ပြောပါတယ်။ အဘွားဖြစ်သူက အစပိုင်းမှာ မြေးဖြစ်သူရဲ့ အကောင့်နဲ့ ဆော့ခဲ့တာဖြစ်ပြီး အဲဒီနောက် ကိုယ်ပိုင် PS4 စက်ဝယ်ကာ ကိုယ်ပိုင်အကောင့်နဲ့ ဆက်လက် ဆော့ခဲ့တာပါ။ "အသက်အရွယ်ဆိုတာမေ့ထားလိုက်ပါ။ကိုယ့်ပျော်ရွှင်မှုကို ရှာဖွေလိုက်စမ်းပါ"လို့ ဘွားဘွားကြီးက ပြောပါသေးတယ်။
