31 w - Translate

သီတင်းကျွတ်ကာလ အထူးရထား ပြေးဆွဲပေးမည်
-------------------
သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာ ခရီးသွားလာ နိုင်စေဖို့အတွက် ပုံမှန်ရထားခရီးစဉ်တွေအပြင် အထူးရထားခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားကနေ သိရပါတယ်၊၊

အထူးရထားခရီးစဉ်တွေအဖြစ် အောက်တိုဘာလ ၁၅ ရက်နဲ့ ၂၀ ရက်တွေမှာ ရန်ကုန်-ပြည်-ရန်ကုန် နဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲပေးသွားမှာပါ။

အောက်တိုဘာလ ၁၅ ရက်မှာ အဆန်အထူးရထားက ရန်ကုန်မှ နေ့လယ် ၁ နာရီလောက်မှာ ထွက်ခွာပြီး ပြည်ကို ည ၈နာရီ ၅၅ မိနစ်လောက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အဆန်အထူးရထားက ရန်ကုန်မှ မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာထွက်ခွာပြီး မော်လမြိုင်ကို ညနေ ၅ နာရီ ၄၅ မိနစ်လောက်ရောက်ရှိမှာဖြစ်ကာ အစုန်အထူးရထားကတော့ မော်လမြိုင်မှ မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ ထွက်ခွာပြီး ရန်ကုန်ကို ည ၇ နာရီ ၁၀ မိနစ်လောက် ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်၊၊

အဲ့ဒီအပြင် အောက်တိုဘာလ ၂၀ ရက်နေ့မှာတော့ အစုန်အထူးရထားက ပြည်မှ ည ၁၀ နာရီခွဲလောက် ထွက်ခွာကာ ရန်ကုန်ကို နောက်တစ်နေ့ မနက် ၆ နာရီခွဲ ရောက်ရှိမှာဖြစ်ပါတယ်။

အဆန်အထူးရထားကတော့ ရန်ကုန်မှ မနက် ၇ နာရီ ၄၅ မိနစ်လောက် ထွက်ခွာပြီး မော်လမြိုင်ကို ညနေ ၅ နာရီ ၄၅ မိနစ်လောက် ရောက်ရှိမှာဖြစ်သလို အစုန်အထူးရထားကတော့ မော်လမြိုင်မှ မနက် ၉ နာရီ ၁၅ မိနစ်လောက် ထွက်ခွာပြီး ရန်ကုန်ကို ည ၇ နာရီ ၁၀ မိနစ်လောက် ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊

နှစ်စဉ် သီတင်းကျွတ်ကာလမှာ အထူးရထားတွေ ပြေးဆွဲပေးနေပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ရထားစီးခရီးသည် နည်း နေသေးတယ်လို့ ရန်ကုန်ဘူတာကြီးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အထူးရထားခရီးစဉ်တွေအပြင် ခရီးသွားပြည်သူတွေ လိုက်ပါစီးနင်းမှုအပေါ်မူတည်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိတဲ့ ရထားတွေမှာ ဝန်ချိန်ပြည့် တွဲဆိုင်းတွေကို တိုးချဲ့ ချိတ်ဆက် ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်၊၊

ဒါ့အပြင် ရထားစီးခရီးသွားပြည်သူတွေတွေကို လက်မှတ်ရောင်းချရာမှာ အထက်တန်းလက်မှတ်တွေကို ၃ရက် ကြိုတင်ပြီးရောင်းချမှာဖြစ်သလို ရိုးရိုးတန်းလက်မှတ်တွေကို ၁ရက်ကြိုတင်ပြီး ရောင်းချပေးသွားမှာဖြစ်ကာ ရထားလက်မှတ်ခနှုန်းထားနဲ့ ရပ်တန့်မယ့်ဘူတာတွေက ပုံမှန်ပြေးဆွဲပေးနေတဲ့အတိုင်းဖြစ်တယ်လို့ သိရပါတယ်၊၊

image