32 w - Translate

ဆပ်ပြာ ကောင်းနဲ့
ခေါင်းပေါင်းလည်း မဖြူဖူးသလို
ဆင်ဖြူတော်မှီပြီး ကြံလည်း မစုပ်ဖူးခဲ့

ကိုယ့်ကံကြမ္မာ နဲ့ ကိုယ်
ဘယ်သူ့ကိုမှ မနာလိုစိတ် မမွေးဘူး

မိသားစုကို
ကိုယ့်အစွမ်းအစနဲ့ စောင့်ရှောက်သလို
ကိုယ့်ကိုယ်ကိုလည်း
ကိုယ်စွမ်းသလောက်နဲ့ တောက်ပတယ်

ပိုးစုန်းကြူး တကိုယ်စာဖြစ်ဖြစ်
ကိုယ့်အလင်းဟာ ကိုယ်တိုင် ထွန်းညှိ‌နေရတာမို့
မှိန်ပျပျ လင်းလည်း ဂုဏ်ရှိလှပါတယ် ။ ။

#ခွန်ဟိဏ်း(Yesagyo)

image