32 ပတ် - ဘာသာပြန်ပါ။

အနာဂတ်အကြောင်း မပြောလိုသေးဟု ဂွါဒီယိုလာ
--------------------

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လက်ရှိအချိန်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ပြောရမယ့် အချိန်မဟုတ် သေးဘူးလို့ ရှင်းပြသွားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်က အခုရာသီ အကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ်နဲ့ပတ်သက်လို့ ဘာသတင်းမှ ထွက်မလာသေးတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာကတော့ မန်စီးတီးအသင်းဟာ သူ့ရဲ့နှလုံးသားထဲမှာ စွဲမြဲစွာရှိနေတဲ့အသင်းဖြစ်ပြီး လက်ရှိ အချိန်မှာ အသင်းနိုင်ပွဲတွေရဖို့ကိုပဲ အာရုံစိုက်ထားပါတယ်လို့ ပြောသွားခဲ့ပါတယ်။

တစ်ဖက်မှာတော့ မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ခံထားရပြီး ဂွါဒီယိုလာအနေနဲ့ အခြေအနေကို စောင့်ကြည့်ပြီးမှ အနာဂတ်ကို ဆုံးဖြတ်သွားဖို့ရှိနေတာကြောင့် အခုလိုမျိုး အချိန်ဆွဲနေတာ ဖြစ်တယ်လို့ ပြောကြားမှုတွေလည်းရှိနေပါတယ်။

မန်စီးတီးအနေနဲ့ စွဲချက်တင်ခံရမှုကနေ အပြစ်ရှိတယ်ဆိုရင် အမှတ်လျှော့ပြစ်ဒဏ်(သို့မဟုတ်) တန်းဆင်းပြစ်ဒဏ်တစ်ခုခုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက လာမယ့်နှစ်မှာ ကလပ်ကမ္ဘာ့ဖလားပွဲ ဝင်ပြိုင်ရမယ့် မန်စီးတီး အသင်းရဲ့ ရာသီသစ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို နောက်ဆုတ်ယှဉ်ပြိုင်ခွင့်ပြုဖို့ကို အလိုရှိတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

image