32 ပတ် - ဘာသာပြန်ပါ။

နယူးဇီလန်ရေတပ် တိုင်းတာရေးသင်္ဘောနစ်မြုပ်
----------------
နယူးဇီလန်ရေတပ်သင်္ဘောတစ်စင်း ဆာမိုအာကမ်းလွန်မှာ သောင်တင်ပြီး နစ်မြုပ်သွားပေမယ့် သင်္ဘောအမှုထမ်းနဲ့ လိုက်ပါလာသူ ၇၅ ဦးစလုံး ဘေးကင်းတယ်လို့ နယူးဇီလန်ကာကွယ်ရေးဝန်ကြီး ဂျုဒစ် ကောလင်းစ်က အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။

အထူး ရေငုပ်နဲ့ တိုင်းတာရေး သင်္ဘော မာနာဝန်အီဟာ သန္တာကျောက်တန်းစစ်တမ်းကောက်ယူနေတုန်း အောက်တိုဘာ ၅ ရက် ညက အူပိုလူတောင်ပိုင်းကမ်းရိုးတန်းအနီးမှာ သောင်တင်သွားခဲ့တယ်လို့ နယူးဇီလန် ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ် ဂရိန်းဂိုလ်ဒင်က ပြောပါတယ်။

ပြည်တွင်းမီဒီယာတွေက လွှင့်တင်ထားတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာ ၂၀၁၈ ခုနှစ်က နယူးဇီလန်ဒေါ်လာ ၁၀၃ သန်း ကုန်ကျခဲ့တဲ့ သင်္ဘောဟာ သောင်တင်ပြီးနောက် မီးခိုးလုံးများ ထူထပ်စွာ တက်လာနေပါတယ်။

အောက်တိုဘာ ၅ ရက် မနက် ဒေသစံတော်ချိန် မနက် ၉ နာရီမှာ သင်္ဘောနစ်မြုပ်သွားတယ်လို့ ဂိုလ်ဒင်က ပြောပါတယ်။

အသက်ကယ်လှေနဲ့ မနာဝန်အီ သင်္ဘောက ထွက်ခွာလာသူတွေကို တခြား သင်္ဘောအများအပြားက အကူအညီပေးခဲ့ပါတယ်။
နစ်မြုပ်ရတဲ့အထိ ဖြစ်ပွားရခြင်း အကြောင်းရင်းကို မသိရသေးဘဲ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ကောလင်းစ်က ပြောပါတယ်။

နယူးဇီလန် ရေတပ်မှာ ဝန်ထမ်းအင်အား ပြတ်လပ်မှုကြောင့် သင်္ဘောကိုးစင်းအနက် သုံးစင်း ရပ်နားထားရပြီး စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ သိရပါတယ်။

image