32 ပတ် - ဘာသာပြန်ပါ။

တရုတ်အိုးပင်း၌ မူချိုဗာ ဆီမီးဖိုင်နယ်တက်ခဲ့
----------------------

ချက်တင်းနစ်မယ် မူချိုဗာဟာ တရုတ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ ဆီဒင်အဆင့်-၁ ရထားတဲ့ ဆာဘာလန်ကာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မူချိုဗာနဲ့ ဆာဘာလန်ကာတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

ဆီဒင် အဆင့်-၁ ရထားသလို ကမ္ဘာ့အဆင့်ရပ်တည်မှုလည်း မြင့်တဲ့ ဆာဘာလန်ကာအတွက် အခက်အခဲမရှိနိုင်ဘူးလို့ အများစုက ထင်ကြေးပေးခဲ့ကြပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာတော့ ဆာဘာလန်ကာက အမှားအယွင်းတွေ ပိုများခဲ့တာကို တွေ့ရပါတယ်။

မူချိုဗာကလည်း သူမရဲ့အကောင်းဆုံးလက်စွမ်းနဲ့အတူ ဆာဘာလန်ကာကို တုန့်ပြန် နိုင်ခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့တာပါ။

ပွဲကစားချိန်ကြာလာတာနဲ့အမျှ ဆာဘာလန်ကာရဲ့ပုံစံက ပင်ပမ်းလာတဲ့ အနေအထားမျိုးမှာရှိနေခဲ့ပြီး ပွဲကစားချိန် (၃)နာရီနီးပါး အကြိတ်အနယ်ယှဉ်ပြိုင်အပြီးမှာတော့ မူချိုဗာက (၇း၆၊၂း၆၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

မူချိုဗာအတွက်ကတော့ ဆာဘာလန်ကာနဲ့ ဆုံတွေ့တဲ့ နောက်ဆုံး ၃ ကြိမ်ဆက်တိုက်အနိုင်ရတာဖြစ်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်မှာတော့ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ် နဲ့ ဆက်လက်ယှဉ်ပြိုင်ရတော့မှာလည်းဖြစ်ပါတယ်။

image