32 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြစ်ထဲ ထူးကဲဒီရေတက်နိုင်မယ်ဆိုတာ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကြေငြာထားတာတွေ့ပါတယ်။
အခုလက်ရှိပဲခူးမြစ်ရေ၊ လှိုင်မြစ်ရေတွေက ပုံမှန်ရေအမှတ်အထိကျနေပြီး ငမိုးရိပ်တမံကလဲ ရေပြန်ကျနေပြီဖြစ်တာကြောင့် ငမိုးရိပ်ချောင်းဘေးအနိမ့်ပိုင်းရပ်ကွက်များကလွဲရင် စိုးရိမ်စရာမရှိပါ။
မိုးရွာနိုင်မယ်ဆိုရင်တောင် မိုးများနိုင်မှာမဟုတ်ပေမဲ့ TIDE-FORECAST က တင်ထားတဲ့ ရန်ကုန်မြစ်ရေအမြင့်က ၁၈-၁၉-၂၀ ၃ ရက်၊ နံနက်အစောပိုင်း အိပ်ကောင်းချိန်တွေမှာ အမြင့်ဆုံး ၂၃.၀၇ ပေအထိရှိနိုင်ကြောင်း ထုတ်ပြန်ထားတာလဲရှိနေတာကြောင့် - ငမိုးရိပ်ချောင်းဘေးတဘက်တချက်က ရေဝင်တတ်တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ သတိထားကြရပါဦးမယ်။
အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီ
Reference : https://www.tide-forecast.com/......./Rangoon.../tides
တိုင်နှင့်ပြည်နယ်များမှ မြို့များ၏ မိုးလေဝသအခြေအနေကြည့်ရန် -
https://www.mmweather.org/divi....sional-cities-weathe
U Win Naing

imageimage