32 ပတ် - ဘာသာပြန်ပါ။

အိမ်ပြန်ရောက်ရင်
-----------------

ဒီတစ်ကြိမ် အိမ်ပြန်ရောက်ရင်
အမေချက်တဲ့ ငါးဟင်းလည်း
မငြင်းဘဲ စားမယ်

အိမ်တွင်းနတ်စင်က ပိုက်ဆံ
မခိုးတော့ဘူးလို့ ကတိပေးမယ်

အမေယုံတဲ့
အဆောင်လက်ဖွဲ့ ကြိုးအနီလေးလည်း ပတ်ထားမယ်

တကယ်ဝေးရမှန်းသိရင်
အမေချက်တဲ့ ဟင်းတွေမှာ
ငြင်းရက်စရာ တစ်ခွက်မှ မရှိဘူး ။

ဆန်းကျော်စွာဝင်း

image