လေဖိအားနည်းရပ်ဝန်း အားလျော့သွားပြီဟု မိုးဇလထုတ်ပြန်
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ အောက်တိုဘာ၅ရက်၊ မြန်မာစံတော်ချိန် နေ့လယ်၁၂ခွဲအချိန် တိုင်းထွာချက်အရ အားလျော့သွားပြီဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
