33 ပတ် - ဘာသာပြန်ပါ။

MSME ရန်ပုံငွေ ကျပ် ၁၅၀ ဘီလီယံကို ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ထုတ်ချေးရန် သဘောတူ

ရန်ကုန်၊ အောက်တိုဘာ ၄

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ် ၁၅၀ ဘီလီယံကို ပုဂ္ဂလိကဘဏ်တွေကတစ်ဆင့် ထုတ်ချေးသွားဖို့ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနဲ့ ပုဂ္ဂလိကဘဏ်တွေအကြား သဘောတူလိုက်ပါတယ်။

သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေကို Participating Financial Institution (PFI) ဘဏ်တွေကတစ်ဆင့် စနစ်တကျ ထုတ်ချေးနိုင်ရးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ အပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ခုနဲ့ ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွေကို မနေ့က လက်မှတ်ထိုးခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးပွဲကို ရန်ပုံငွေစီမံခန့်ခွဲမှုဥက္ကဋ္ဌ စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဒုတိယဥက္ကဋ္ဌ စက်မှုဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌနဲ့ PFI ဘဏ်တွေက တာဝန်ရှိသူတွေက တက်ရောက်ခဲ့ပါတယ်။

အဲဒိနောက် နိုင်ငံပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေက တာဝန်ရှိသူတွေဟာ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ချေးငွေအဆိုပြုလွှာ၊ တင်ပြရမယ့် အထောက်အထားနဲ့ ချေးငွေထုတ်ချေးမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

လက်ရှိမှာ နစကအနေနဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ် ၁၇၀ ဘီလီယံကို MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှာ ထည့်သွင်းထားပါတယ်။

အဆိုပါရန်ပုံငွေကနေ ကျပ် ၁၅၀ ဘီလီယံကို MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေထုတ်ချေးနိုင်ဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

image