33 ပတ် - ဘာသာပြန်ပါ။

ရေဘေးသင့် စပါးစိုက်ခင်းများအတွက် တစ်ဧက ကျပ်တစ်သိန်းနှုန်း အတိုးမဲ့ ချေးပေးမည်

ရန်ကုန်၊ အောက်တိုဘာ ၅

ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်၊ ပျက်စီးခဲ့ရတဲ့ စပါးစိုက်ခင်းများအတွက် တစ်ဧကကို ကျပ်တစ်သိန်းနှုန်းနဲ့ အတိုးမဲ့ ချေးပေးဖို့ လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။

ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရတဲ့ စပါးစိုက်ဧရိယာ ၇၇၇၃ ဧကအတွက် အရင်းမပျောက်မတည်ငွေ ကျပ်သိန်းပေါင်း ၁၂၅၀၀၀ ကို သုံးစွဲသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောပါတယ်။

ဒါ့အပြင် ရေဘေးသင့် စပါးစိုက်ဧကအလိုက် မျိုးစေ့တစ်တင်း၊ ရွက်ဖျန်းမြေသြဇာ၊ ပိုးသတ်ဆေး အပါအဝင် တစ်ဧကို ၆၄၃၂၅ ကျပ်နှုန်း ပံ့ပိုးပေးဖို့ ကျပ်သိန်း ၅၀၀၀ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

ရေဘေးသင့် စပါးစိုက်ခင်းများအတွက် ပေးအပ်သွားမယ့် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀၀ နဲ့ အရင်းမပျောက် မတည်ငွေ ကျပ်သိန်း ၁၂၅၀၀၀ ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ထံ ပေးအပ်ထားတာပါ။

မိုးစပါးတွေ ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိတဲ့ ဧရိယာတွေမှာ တောင်သူတွေ တွက်ချေကိုက်တဲ့ အခြားသီးနှံတွေ အစားထိုး စိုက်ပျိုးနိုင်ဖို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းရဲ့ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀၀ နဲ့ စီမံဆောင်ရွက်သွားဖို့ ရှိပါတယ်။

အဲဒိထောက်ပံ့ငွေနဲ့ မတ်ပဲ ၂၆၉၂ ဧက၊ ပဲတီစိမ်း ၁၃၀၄ ဧကအတွက် တစ်ဧကကို မျိုးစေ့တစ်တင်းနှုန်း ပံ့ပိုးပေးသွားမယ်လို့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကနေ သိရပါတယ်။

image