33 ပတ် - ဘာသာပြန်ပါ။

နည်းပြတန်ဟတ်၏အနာဂတ်ကိစ္စ မဖြေချင်ဟု မန်ယူအသင်းပူးတွဲပိုင်ရှင်ပြော

နည်းပြတန်ဟတ်ရဲ့ အနာဂတ်ကိစ္စနဲ့ ပတ်သက်ပြီး မဖြေကြားချင်ကြောင်း မန်ယူအသင်းပူးတွဲ ပိုင်ရှင်သစ် ဆာဂျင်ရတ်ကလစ်ဖ်က ပြောသွားပါတယ်။

ဗြိတိန် ဘီလီယံနာတယောက်ဖြစ်သူ ဆာဂျင်ရတ်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မန်ယူအသင်းရဲ့ ရှယ်ယာတချို့တဝက်ကို ဝယ်ယူခဲ့ပြီး အသင်းရဲ့စီမံခန့်ခွဲမှု အားလုံးကို ပြောင်းလဲတာဝန်ယူခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်ကို ဆက်လက်တာဝန်ပေးထားမလား ဆိုတဲ့မေးခွန်းကို ဆာဂျင်ရတ်ကလစ်ဖ်က မဖြေချင်ကြောင်း ငြင်းဆန်ခဲ့ပြီး နည်းပြတန်ဟတ်ဂ်က နည်းပြကောင်းတယောက် ဖြစ်ပြီး အဆုံးသတ်ချိန်မှာ ဆုံးဖြတ်ချက်ချမှာက သူ့မဟုတ်ဘဲ အသင်းစီမံခန့်ခွဲမှုအဖွဲ့ကသာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆာဂျင်ရတ်ကလစ်ဖ်က ပြောပါတယ်။

မန်ယူအသင်းကို တချိန်ကလို မန်ယူအသင်း ပြန်လည်ဖြစ်လာဖို့က အသင်းဘုတ်အဖွဲ့ရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်ဖြစ်ပြီး လက်ရှိအချိန်မှာ အထမမြောက်သေးကြောင်း ဆာဂျင်ရတ်ကလစ်ဖ်က ပြောသွားပါတယ်။
DVB

image