ကြွက်မုန့်ဟင်းခါး နောက်ဆုံးရသတင်း၊ ကြွက်ပါတဲ့ တင်တင်အေး မုန့်ဟင်းခါးဆိုင်ခွဲကို နောက်ဆုံးတော့ သိရပါပြီ၊
တင်တင်အေး (ထိပ်တန်း) မုန့်ဟင်းခါး ရန်ကင်း ဆိုင်ခွဲလို့ သိရပါတယ်။ စားသုံးသူကို ဆိုင်ရှင် ကိုယ်တိုင် သွားရောက် တောင်းပန်ပြီးပြီလို့ သိရပါတယ်။ အဲဒါကြောင့် ၃၀-၉-၂၀၂၄ (တနင်္လာနေ့) တုန်းက တင်တင်အေး ရန်ကင်းဆိုင်ခွဲမှာ စားခဲ့သူတွေ ကျန်းမာရေး အထူးဂရုပြုကြပါ။ ယခုရက်ပိုင်း တခုခု ဖြစ်ခဲ့ပါက ဆေးရုံဆေးခန်းကို အမြန်သွားကြပါ။ တင်တင်အေး မုန့်ဟင်းခါးဆိုင်ကိုလည်း အကြောင်းကြားကြပါ။
ပုံကတော့ ဂူးဂဲထဲမှာ တင်တင်အေး မုန့်ဟင်းခါးဆိုင် နာမည်ကို တစုံတဦးက ဝင်ရောက် ပြင်ဆင်သွားတာပဲ ဖြစ်ပါတယ်။ နာမည်ကြီးတခုကို တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ကြာမြင့်နိုင်ပေမယ့်လည်း နာမည်ပျက်ဖို့ကတော့ တခဏပဲ ကြာတယ်ဆိုတာ တင်တင်အေး မုန့်ဟင်းခါးက အတွေ့အကြုံနဲ့ ရင်းပြီး သက်သေပြသွားပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။
#တင်တင်အေး
#ကြွက်မုန့်ဟင်းခါး

Zar Ni
မှတ်ချက်ကိုဖျက်ပါ။
ဤမှတ်ချက်ကို ဖျက်လိုသည်မှာ သေချာပါသလား။