ရွာငံလမ်းမပေါ်က အသီးအနှံဆိုင်🍀
ရွာငံရောက်ရင် မိန်းလမ်းဘေးက
ဒေသထွက်အသီးအနှံတွေရောင်းတဲ့
ညောင်ကုန်းဆိုတဲ့ရွာလေးမှာ ...❤️
ဒေသထွက် အသီးအနှံမျိုးစုံကို
စိတ်ကြိုက်ဝယ်ယူလို့ရပါတယ်
သဘာဝကျကျ တဲသေးသေးလေးတွေထိုးထားပြီးသီးနှံစုံ ချိတ်ဆွဲ ရောင်းချပေးနေကြတာလေးတွေက ချစ်စရာအလှတရားတွေပါ ...❤️
ထူးခြားတာက ရောင်းတဲ့ဆိုင်လေးတွေတော်တော်များများက
အသက်ကြီးတဲ့ အဖိုးအဖွားတွေ
ရောင်းကြတာများပါတယ်
သူတို့ပြောတဲ့ ဒေသစကားသံ
ဝဲဝဲလေးတွေကိုတော့ အတော်လေး
နားစိုက်ရပါလိမ့်မယ် ...❤️
အဖိုးအဖွားတွေရဲ့ ချစ်စရာအပြုံးတွေစေတနာအပြည့်နဲ့ ရောင်းပေးနေတဲ့ဟန်ပန်တွေကလဲ ကြည်နူးစရာ
မြင်ကွင်းလေးတွေပါ ...❤️
ဒီဆိုင်တန်းလေးတွေနားရောက်ခဲ့တဲ့အခါဒေသထွက်သီးနှံလေးတွေ
ဝယ်ယူအားပေးနိုင်ကြောင်းပါဗျာ ...




