Don’t Lose Your Path..
"ဦးတည်ရာလမ်းကြောင်းမပြောင်းလိုက်ပါနဲ့ ..
မတွေဝေပါနဲ့"..
အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့အခါ လူတော်တော်များများက တွေးတောနေရင်းနဲ့ပဲ ဝေဝါးသွားတတ်ကြပါတယ်။
လက်ရှိလူငယ်တွေရဲ့ကြားမှာ
ဥပမာ -
မိမိဝါသနာလေ့လာရန်၊
သင်တန်းတက်ရန်၊
မိဘနဲ့အိမ်ခွဲနေရန်၊
လခစား ဝန်ထမ်းလုပ်ရန်၊
က်ိုယ်ပိုင်လုပ်ငန်းစတင်ရန်၊
အစရှိတာတွေကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးဖြတ်ရမယ့်အချိန်တွေ ရောက်လာမှာပါ။
ဒီလို လုပ်ကိုင်ဖို့ဆုံးဖြတ်လိုက်ပြီ ဆိုတာနဲ့ စေ့စပ်သေချာတဲ့ အလေ့အကျင့်နဲ့ အတူ တွေဝေမနေပဲ ရည်ရွယ်ရာကို တွန်းအားပေး၍ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် လုပ်ကိုင်သင့်ပါတယ်။
"မိမိကိုယ်သာ အားကိုးရာ"
ဆိုတဲ့ စကားအတိုင်းပါပဲ။လူတဦးဟာ ကိုယ့်ရဲ့ အစွမ်းအစကို ကိုယ်တိုင်သိမြင်ပြီး ဝါသနာပါတာကိုပဲ ဖြစ်စေ၊ဘဝအတွက်အထောက်အပံ့ဖြစ်စေမှုတွေကိုပဲဖြစ်စေ လေ့လာပြီး လက်တွေ့အကောင်အထည်ဖော်ကာ လမ်းကြောင်းဖောက်သင့်ပါတယ်။လမ်းမှာ တားဆီးလာတဲ့ ဘယ်လိုအကြောင်းအရာမျိုးကြောင့်ဖြစ်ဖြစ် လမ်းကြောင်းမပြောင်း မတွေဝေပဲ မိမိဦးတည်ရာကို သွားနိုင်ခြင်းသည်သာ အောင်မြင်မှု မရသေးသည့်တိုင်အောင် ဖောက်ခဲ့တဲ့ လမ်းကြောင်း မယိမ်းယိုင်ပဲ မိမိဖြစ်တည်မှုတွေက လှပနေမှာပါ။
လူ့ဘဝမှာ အခက်အခဲဆိုတာလူတိုင်းကြုံတွေ့ရမယ့်အရာတစ်ခုပါ..
၎င်းအခက်အခဲများကို မိမိဆုံးဖြတ်နိုင်စွမ်းနှင့်ယှဉ်၍ကိုယ်ပိုင်အသိ/ရည်ရွယ်ချက်များဖြင့် ဖန်တီးနိုင်ကာ ကျန်းမာပျော်ရွှင်ဖို့ အဓိက ကျတဲ့ လူ့လောကကြီးမှာ...
ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ကြဖို့ ဆန္ဒပြုရင်း...
#myspaceadmin
#frankiestories
