တချို့ လူတွေ သေခြင်းကို ဘာကြောင့် ရွေးချယ်သလဲ
ဆိုတာ နားလည်စပြုလာမိတယ် (ထင်တာပဲ)
လူဆိုတာ တယောက်နဲ့ တယောက် ခံနိုင်ရည်အားမှ မတူတာ
ငါဆိုရင် ဒီလောက်လေးနဲ့ အဲလိုမလုပ်ဘူးလို့ ပြောတာ
မှားတယ်
နာကျင်မှု ဆိုပါတော့ , တယောက်နဲ့တယောက်
pain threshold ခေါ်တဲ့ နာခြင်းကို ခံနိုင်တဲ့ဒဏ် မတူဘူး
အပ်စူးတာခြင်း တူနေရင်တောင် တယောက်က သိပ်မနာ
တယောက်က သေမတတ်နာတယ်
သေချာတာက သေမတတ်နာသူဟာ
ဟန်ဆောင်နေတာ မဟုတ်ဘူး
သူ့ရဲ့ pain အပေါ် ခံနိုင်ရည်က နိမ့်နေတာ
အဲလိုပဲလေ , လူတွေမှာ ချောင်ပိတ်မိတဲ့ ခံစားချက်တွေ
ကူကယ်ရာမဲ့တဲ့ ခံစားချက်တွေ ခဏခဏဝင်လာတဲ့အခါသေလမ်းကို လွတ်မြောက်ရာ အဖြစ် မြင်လာတတ်တယ်
ဘယ်လောက်များ နာကျင်ခဲ့ကြသလဲ
ကျနော်တို့ မခန့်မှန်းနိုင်ပါဘူး
သေချာတာက ရှင်သန်ခြင်းထက် သက်သာရာရလိမ့်မယ်လို့ ယုံကြည်သွားခဲ့ကြလို့ပဲ
လူတယောက်ဟာ ဘယ်လောက် ထွက်ပေါက်မဲ့နေမလဲဘယ်သူမှ မသိနိုင်ဘူး
ထပ်ခါ ထပ်ခါ ဖိမိနေတဲ့ ထိုင်ခုံက သံငုတ်လေးကလည်း ကြာလာတော့ အထိမခံနိုင်အောင် နာလာနိုင်တာပါပဲ
လူတယောက်နဲ့ တယောက် တိုင်းတာပုံ မတူကြပေမယ့်
သေခြင်းကို နည်းလမ်းတခုအဖြစ်
ခဏခဏ စဉ်းစားမိနေတဲ့အခါ
အဲ့လူဟာ ဘယ်လောက်နာကျင် ပိတ်မိနေသလဲ ဆိုတာ တွေးမိတာပါပဲ … ။
#tkmn
