မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝထားပါ
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
သစ်ပင်ပေါ်မှာ ငှက်တွေဟာ ထိုင်နေတယ်။ သူတို့ဟာ ဘယ်သောအခါမှ သစ်ကိုင်း ကြိုးကျမှာ ဒါမှမဟုတ် သစ်ပင်ပေါ်မှ ပြုတ်ကျမှာကို မကြောက်ကြဘူး။ ဘာလို့ မကြောက်တာလဲဆိုတော့ သစ်ပင် သစ်ကိုင်းတွေ ခိုင်ခံ့တာကို ယုံကြည်လို့ မဟုတ်ပါဘူး။
တကယ့်အမှန်စင်စစ် သူတို့၏ ယုံကြည်ချက်က ငါတို့ လေပေါ်မှာ ပျံသန်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပင် ဖြစ်ပါတယ်။
ဒါကြောင့်မို့ လူသားတွေ ဟာလည်း မိမိကိုယ်ကိုယ် ယုံကြည်ချက် အပြည့်အဝ ထားရှိသင့်ပါတယ်။
မိမိကိုယ်ကိုယ် ယုံကြည်ချက် မရှိဘူးဆိုရင် အရာအရာကို ကြောက်နေလိမ့်မယ်။
ယုံကြည်ချက် တစ်ခုနဲ့သာ မိမိ၏ ရှေ့ဆက်ရမယ့် အနာဂတ် နေ့ရက်တွေကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။
