အဖေ
---------------ဖေမြင့် 🌎🌎🌿🌿🌿
ကျွန်တော်
၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။
၅ နှစ် ... ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး ။
၆ နှစ် ... ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ ။
၈ နှစ် ... တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး ။
၁၀ နှစ် ... အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့က တခြားစီပဲ ။
၁၂ နှစ် ... အင်း အဲဒါတော့့အဖေလည်းဘယ်သိပါ့မလဲသူက
အသက်ကြီးပြီဆိုတော ကလေးတုန်းက အကြောင်းတွေ
မမှတ်မိနိုင်တော့ဘူး ။
၁၄ နှစ် ... အဖေတော့ ထည့်မပြောနဲ့၊ သူက ရှေးရိုးသမားကြီး ။
၂၁ နှစ် ... အဖိုးကြီးလား ထားပါ ၊ အောက်နေပြီ ၊ လုံး၀ အောက်နေပြီ ။
၂၅ နှစ် ... အဖေတော့ နည်းနည်းပါးပါးသိမယ်၊ မသိလို့လဲ မဖြစ်ဘူးလေ ၊
လူကြီးပဲဟာ ။
၃၀ နှစ် ... အဖေ့ကို နည်းနည်းပါးပါး မေးကြည့်ရင်ကောင်းမယ်ထင်တယ်၊
ဘာပဲပြောပြောသူက အတွေ့အကြုံ အများကြီးရှိတယ် ။
၃၅ နှစ် ... အဖေနဲ့ တိုင်ပင်ပြီးမှ ဒီကိစ္စကို ငါ တစ်ခုခုလုပ်နိုင်မယ် ။
၄၀ နှစ် ... အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး
သူက အတွေ့အကြုံစုံတယ် ၊
အမြော်အမြင်လည်း ရှိတယ် ။
၅၀ နှစ် ... ဒီကိစ္စ အခုနေသာ ဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်
ပေးရ ပေးရငါပေးပါတယ် ၊ အဖေ့အရည်အချင်းတွေ
သူရှိတုန်းက ကောင်းကောင်းသတိမထားမိခဲ့တာ
သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆို ငါ့အဖေဆီက အများကြီး
ရလိုက်ဖို့ကောင်းတယ် ။
___________*******___________
ဖေမြင့်
(Ann Landers ရဲ့ My Father When I Was...)
နှလုံးသားအာဟာရစာအုပ် မှ
ခင်ခင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...
ခိုင်နီလာမောင် #crdphoto #foryouシ #fypシ゚viralシ2024fyp #crd
