မတူညီရင် နားလည်ပေးပါ
တစ်ချို့က လူမျိုးမတူဘူး
လူ့ဘဝချင်းတူတယ်
တစ်ချို့က ပါရမီမတူဘူး
ဆန္ဒချင်းကတူတယ်
တစ်ချို့က ဘုရားဖြစ်ဖို့
တစ်ချို့က ရဟန္တာဖြစ်ဖို့
တစ်ချို့က အနာဂါမ်ဖြစ်ဖို့
တစ်ချို့က သကဒါဂါမ်ဖြစ်ဖို့
တစ်ချို့ က သောတာပန်ဖြစ်ဖို့
တစ်ချို့က ပစ္စေကဗုဒ္ဒဖြစ်ဖို့
တစ်ချို့က မဟာသာဝကဖြစ်ဖို့
တစ်ချို့က အဂ္ဂသာဝကဖြစ်ဖို့
တစ်ချို့က တိဟိတ်ပုဂ္ဂိုလ်
တစ်ချို့က ဒွိဟိတ်ပုဂ္ဂိုလ်
လမ်းကြောင်းချင်းမတူဘူး
လုပ်ဆောင်ပုံချင်းမတူဘူး
လာပုံချင်းမတူဘူး
သွားပုံချင်းမတူဘူး
မတူညီတိုင်းရန်သူဖြစ်စရာလား
ပန်းတိုင်တူရန်
ကိုယ့်လမ်းကိုယ်လျှောက်ရုံပေါ့
ချစ်လူတက္ကသိုလ်
