🔆 မြတ်ဗုဒ္ဓ၏ အနမတဂ္ဂဒေသနာ
သံသရာဆိုတာ ကြာလှပြီ။
ဒီလောက်ကြာတဲ့ သံသရာကြီး...
တို့ငြီးငွေ့ထိုက်ပြီ လို့ မြတ်စွာဘုရားက ဟောတယ်။
မင်းတို့မှာ သံသရာကြီးကိုပြန်ကြည့်လိုက်…
ဒီ့ပြင်ဟာတွေ မကြည့်နဲ့ … ခေါင်းအဖြတ်ခံရလို့ သေခဲ့ရတဲ့ဘဝတွေကိုပဲ ကြည့်။
▪️ဇက်ပြတ်လို့ ခန္ဓာကိုယ်ကထွက်လာတဲ့ သွေးတွေဟာပင်လယ်သမုဒ္ဒရာထဲကရေတွေထက် များသေးတယ် တဲ့။
▪️တစ်ဘဝတင် မဟုတ်ဘူး၊ ဇက်ပြတ် ပြီးတော့ သေခဲ့ရလို့ထွက်ခဲ့ရတဲ့သွေးတွေဟာ ပင်လယ်သမုဒ္ဒရာထဲကရေထက်များတယ် ဆိုတာကို မင်းတို့တွေးကြည့်၊ ဆင်ခြင်ကြည့် တဲ့။
အဝိဇ္ဇာ၊ တဏှာ နှောင်ကြိုးတွေနဲ့ ချည်နှောင်ထားခြင်းခံနေရတဲ့သတ္တဝါတွေဟာ သံသရာထဲ လွတ်လပ်စွာ ကျင်လည်နေရတာ မဟုတ်ကြဘူး။
အဝိဇ္ဇာ လက်ချက်က မသိဘဲ သွားနေရတယ်။ တဏှာဆိုတဲ့ တွယ်တာမှုကြီးက တုတ်ချည်ထားသေးတယ်။
မြတ်စွာဘုရား က ဥပမာလေးပေးတယ်။
ဇဗ္ဗူဒိပ်ကျွန်းမှာဖြစ်တဲ့ သစ်ခက် သစ်ရွက်တွေကို
လက်လေးသစ်စီ ချထားတဲ့…
ဒါက အမေ...အမေ့ရဲ့အမေ
ဒါက အမေ့..အမေရဲ့ အမေ ...ဆိုပြီး ရေတွက်သွားတဲ့။
သစ်ရွက်တွေ၊ မြက်တွေသာ ကုန်သွားမယ်။
အမေတွေက မကုန်သေးဘူးတဲ့။
သံသရာရှည်တာကို ပြောလိုခြင်းပဲ ဖြစ်တယ် ပေါ့။
ချစ်သားရဟန်းတို့ သံသရာထဲ ကျင်လည်ခဲ့ရာ၌
ဒုက္ခတွေမျိုးစုံ ကြုံတွေ့ ခံစားခဲ့ရတာ ကြာလှပြီတဲ့။
မြတ်စွာဘုရား က တွယ်တာတပ်မက်မှုတွေမှ ကင်းလွတ်ဖို့ ကြိုးစား သင့်ပြီတဲ့။
ဘဝ သင်္ခါရ ဒုက္ခ ကို ငြီးငွေ့သင့်ပြီ။
ပုထုဇဉ်တွေက ငြီးငွေ့ဖို့ မဟုတ်ဘဲ အသစ်သစ် ရှာနေကြတယ်။
ဒီသင်္ခါရတရားတွေကို ငြီးငွေ့ဖို့ သင့်ပြီ တဲ့။
တရားချစ်ခင်သူတော်စင်အပေါင်းတို့…..
မြတ်ဗုဒ္ဓ တရားတော်တွေကို နာယူမှတ်သားရပြီး တို့တတွေ ရခဲ့တဲ့ အရာတွေဟာ သံသရာထဲ ခံစား စံစားပြီးပြီ။
▪️တော်လောက်ပြီ...ရှေ့ဆက်မကြိုးစားတော့နဲ့လို့
▪️ကိုယ့်ကိုယ်ကိုယ် ဒီဒုက္ခတွေမှ ငါတို့လွတ်မြောက်အောင် ကြိုးစားမှ ဖြစ်တော့မယ်လို့
ကိုယ်စီကိုယ်စီ သတိထားပြီး
ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း...
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏

Moe Moe Su Naing
Delete Comment
Are you sure that you want to delete this comment ?