ရီးရဲလ်မက်ဒရစ်စူပါစတားဘက်ပေးကို လူမျိုးရေးခွဲခြားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံလာရတဲ့ ပရိသတ်တစ်ဦး

နိုဝင်ဘာ ၁၈

လူတစ်ဦးဟာ ၂၀၂၅ ခုနှစ်တုန်းက ရီးရဲလ်အိုဗီဒိုနှင့် လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်သမားကိုင်လီယန်ဘက်ပေးကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အမုန်းတရားအခြေပြု ရာဇဝတ်မှုဖြင့် အရေးယူခြင်းခံလာရပါတယ်။

အိုဗီဒိုအခြေစိုက်ရာ စပိန်မြောက်ပိုင်း အက်စ်တူရီယပ်စ်ရှိ တရားရုံးတစ်ခုတွင် ကြားနာစစ်ဆေးပြီးနောက် တရားသူကြီးက Carlos Tartiere Stadium တွင် ဘက်ပေးကို တိုက်ရိုက်လူမျိုးရေးခွဲခြားဆဲဆိုခဲ့တဲ့ လူအား စီရင်ချက်ချလာပါတယ်။

တရားသူကြီးက ပြစ်မှုကျူးလွန်သူအား ဒဏ်ငွေအပြင် ထောင်ဒဏ် ၁၁ လချမှတ်လာပါတယ်။

ယင်းလူအနေဖြင့် ထောင်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကျခံလာရမှာ ဖြစ်ပြီး ၂ နှစ်အတွင်း မည်သည့်အားကစားပွဲအတွက် မည်သည့်ကွင်းသိ့မျှ သွားရောက်ခွင့် ရှိလာမှာ မဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာ ဗီနီရှပ်စ်အပါအဝင် အသင်းရှိ ကစားသမားများအား လူမျိုးရေးခွဲခြားမှု ပြုလုပ်တဲ့သူများကို ရာဇဝတ်မှုဖြင့် အရေးယူနိုင်ရေး ဆက်တိုက် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ဗလင်စီယာရဲ့မက်စီတဲလ်လား၊ မာယော့ကာရဲ့ ဆန်မွိုက်စ်၊ ဗယ်လီကာနိုရဲ့ ဗယ်လီကက်စ်၊ ဗယ်လာဒိုးလစ်ရဲ့ဂျိုဆေးဇာရယ်လာကွင်းတို့တွင် ဗီနီရှပ်စ်လူမျိုးရေးခွဲခြားမှု ခံရစဉ်တုန်းကလည်း ပြိုင်ဘက်ပရိသတ်များကို အရေးယူမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

image