အသက် ၈၉ နှစ်အရွယ်တွင် ရိန်းဂျားဂန္ထဝင်ဘရန်း ကွယ်လွန်
နိုဝင်ဘာ ၁၈
ရိန်းဂျားဂန္ထဝင်ရေးဖ်ဘရန်းဟာ အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်လာပါတယ်။
စကော့တလန်တိုက်စစ်မှူးဟောင်းဟာ စကော့တလန်အတွက် ၈ ပွဲကစားကာ ၈ ဂိုးသွင်းခဲ့သူ ဖြစ်ပြီး ရိန်းဂျားအတွက် ၃၄၇ ပွဲကစားကာ ၂၂၂ ဂိုးသွင်းယူကာ ကလပ်ရဲ့ ဂန္ထဝင်စာရင်းတွင် ထည့်သွင်းခြင်းခံထားရသူ ဖြစ်ပါတယ်။
ရိန်းဂျားဟာ ၁၉၅၄ ခုနှစ်တုန်းက အသက် ၁၇ နှစ်တွင် ရိန်းဂျားအတွက် ပထမဆုံးပွဲ ကစားခွင့်ရပြီးနောက် ၁၉၆၅ ခုနှစ်အထိ ကစားခဲ့သူ ဖြစ်ပါတယ်။
ရိန်းဂျားသမိုင်းတွင် ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးဖြစ်တဲ့ ဘရန်းဟာ ရိန်းဂျားနှင့်အတူ အမှတ်ပေးဖလား ၄ ကြိမ်၊ စကော့တလန်ဖလား ၃ ကြိမ်နှင့် စကော့တလန်လိဂ်ဖလား ၄ ကြိမ် ရရှိခဲ့ပါတယ်။
သူဟာ အင်္ဂလန်တွင် မန်စီးတီးနှင့် ဆန်းဒါးလန်းတို့မှာလည်း ကစားခဲ့ပြီးနောက် စကော့တလန်သို့ ပြန်လာကာ ရိတ်ရိုဗာ၊ ဟာမီတန်အကယ်ဒမီတို့တွင် ကျင်လည်ကာ ကစားသမားဘဝ အဆုံးသတ်ခဲ့ပါတယ်။