4 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်သို့ နည်းပြအဖွဲ့ဝင်များအား စောစောစီးစီး စေလွှတ်ကာ အလုပ်လုပ်လာစေတဲ့ ပိုချက်တီနို

နိုဝင်ဘာ ၁၇

မူရီစီယိုပိုချက်တီနိုရဲ့ နည်းပြအဖွဲ့ဝင်များဟာ လာမယ့် တနင်္ဂနွေနေ့ လီဗာပူးနှင့် ကစားရမယ့် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြင်ဆင်ရန် မန်ချက်စတာသို့ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့ လက်ထောက်အဖြစ် ကာလရှည်ကြာ လုပ်ဆောင်လာခဲ့ကြတဲ့ ဂျီးဆပ်စ်ပီရက်ဇ်၊ တိုနီဂျီမီနက်ဇ်အပြင် သားဖြစ်သူ ဆီဘာစတီယာနိုတို့ဟာ တနင်္ဂနွေနေ့ကတည်းက မန်ချက်စတာသို့ ရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဆီဘာစတီယန်က ကြံ့ခိုင်ရေးနည်းပြဖြစ်ပြီး လက်ထောက်နည်းပြပီရက်ဇ်နှင့် ဂိုးနည်းပြဂျီမီနက်ဇ်တို့က ဆောက်သမ်တန်မှာကတည်းက ပိုချက်တီနိုနှင့် လက်တွဲလာခဲ့ကြသူများ ဖြစ်ပါတယ်။

လက်ထောက်နည်းပြမီဂွယ်ဒီအေဂေါ့စတီနိုနှင့် ကြံ့ခိုင်ရေးနည်းပြဆယ်ဗီယာတူယာတို့ကတော့ ပိုချက်တီနိုနှင့်အတူ ဆက်ရှိနေကာ ဗုဒ္ဓဟူးနေ့ ဟေတီနှင့် နေးရှင်းလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အတွက် ပြင်ဆင်နေကြပါတယ်။

ပိုချက်တီနိုဟာ ယူနိုက်တက်ကစားသမားများအား လေ့ကျင့်ခန်း ၃ ကြိမ် ပြုလုပ်စေပြီး တနင်္ဂနွေနေ့ လီဗာပူးနှင့်ပွဲအတွက် ပြင်ဆင်ပေးလာပါမယ်။

အမေရိကန်ဟာ စနေနေ့တုန်းက ပထမအကျော့တွင် ဟေတီအား ၆-၀ ဂိုးဖြင့် အနိုင်ရရှိထားရာ ဒုတိယအကျော့ပွဲစဉ်အတွက် ဖိအားကင်းမဲ့နေပါတယ်။

စပါးစ်နှင့် ချဲလ်ဆီးနည်းပြဟောင်းဟာ ကြာသပတေးနေ့တွင် ယူနိုက်တက်ကစားသမားများအား ပထမဆုံးအကြိမ် လေ့ကျင့်ပေးမှာ ဖြစ်ပြီး သောကြာနေ့ နေ့လည်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာဖို့ ရှိနေပါတယ်။

image