ကိုဆိုဗိုနှင့်အဆုံးအဖြတ်ပွဲစဉ်အား အိုင်ယာလန်အသင်းခေါင်းဆောင်ကောလင်း လွဲချော်မည်
နိုဝင်ဘာ ၁၇
အိုင်ယာလန်အသင်းခေါင်းဆောင်နသန်ကောလင်းဟာ ယနေ့ညတွင် ကိုဆိုဗိုနှင့် ရင်ဆိုင်ကစားရမယ့် မဖြစ်မနေ အနိုင်ရရန် လိုအ်နေတဲ့ နေးရှင်းလိဂ်ပွဲစဉ်အား ဒူးဒဏ်ရာကြောင့် လွဲချော်လာပါမယ်။
နောက်ခံလူကောလင်းဟာ စနေနေ့တုန်းက လန့်ဇ်တွင် ဩစတြီးယားအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်ရဲ့ ပွဲနှောင်းပိုင်းတွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အိုင်ယာလန်အသင်းမှ နုတ်ထွက်ကာ ဘရန့်ဖို့ဒ်နှင့် ပူးပေါင်းပြီး ဆေးကုသမှု ခံယူနေပါတယ်။
ဒဏ်ရာကြောင့် လွဲချော်လာတဲ့ ကောလင်းနေရာတွင် ကျူပီအာနောက်ခံလူဂျမ်မီဒန်နီက အစားထိုး အသုံးပြုလာပါမယ်။
အိုင်ယာလန်ဟာ Group B3 တွင် အုပ်စုဒုတိယနေရာမှာ ရပ်တည်ရေးအတွက် ယနေ့ည ကိုဆိုဗိုနှင့်ပွဲအား မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေပါတယ်။
အိုင်ယာလန်ဟာ ယနေ့ညပွဲ အနိုင်ရမှသာလျှင် လာမယ့် မတ်လ တန်းတက်ပလေးအော့ဖ်ကစားခွင့် ရရှိလာမှာလည်း ဖြစ်ပါတယ်။