4 ရက် - ဘာသာပြန်ပါ။

စကော့တလန်သမိုင်းတွင် ပွဲအများဆုံးကစားထားသူအဖြစ် စံချိန်သစ်ရေးထိုးလာတဲ့ အသင်းခေါင်းဆောင်အင်ဒီရောဘတ်ဆင်

နိုဝင်ဘာ ၁၇

အင်ဒီရောဘတ်ဆင်ဟာ ဆွစ်ဇာလန်နှင့်ပွဲတွင် စကော့တလန်အတွက် ၁၀၃ ပွဲမြောက်ပွဲအား ကစားကာ ဆာကန်နီဒဲလ်ကလစ်ရှ်ကို ကျော်ဖြတ်ကာ စကော့တလန်သမိုင်းတွင် ပွဲအများဆုံးကစားထားသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။

အသက် ၃၂ နှစ်ရှိ စပါးစ်နောက်ခံလူဟာ မနေ့ညတုန်းက ဆွစ်ဇာလန်အား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲမတိုင်မီ သောကြာနေ့တုန်းက မြောက်မက်စီဒိုးနီးယားနှင့်ပွဲမှာ ၁၀၂ ပွဲမြောက်ပွဲအား ကစားကာ ကန်နီဒဲလ်ကလစ်ရှ်ရဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်းအတွက် မနေ့ညက ပွဲစဉ်က သမိုင်းမှတ်တိုင်စိုက်ထူနိုင်တဲ့ နေ့ဖြစ်သလို ၄-၀ ဂိုးဖြင့်လည်း ရှုံးနိမ့်လာမှုနှင့်အတူ အဆိုးအကောင်း ရောထွေးနေတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

မနေ့ညကပွဲတွင် ဆွစ်ဇာလန်ဟာ လီဝစ်ဖာဂူဆန်၊ ဝင်စလေဘိုတီလီ၊ အယ်ဗီဆန်ချက်စ်၊ ဇီကီအမ်ဒူနီတို့ရဲ့ သွင်းဂိုးတွေဖြင့် ၄-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အင်ဒီရောဘတ်ဆင်ဟာ ၂၀၁၄ ခုနှစ်တုန်းက ပိုလန်နှင့်ပွဲစဉ်တွင် စကော့တလန်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့တာ ဖြစ်ပြီး လာမယ့် နိုင်ငံတကာပွဲစဉ်များအတွက် နောက်ထပ်စံချိန်တင်ပွဲများ ဆက်လက် ကစားလာဦးမှာ ဖြစ်ပါတယ်။

image