ပထမဆုံးစီနီယာကလပ်နည်းပြရာထူးအား ရယူလာတဲ့ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ရာအူးလ်

နိုဝင်ဘာ ၁၁

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ရာအူးလ်ဟာ ရီးရဲလ်မက်ဒရစ်လူငယ်အသင်းကို ၆ နှစ်တိုင် ကိုင်တွယ်ခဲ့ပြီးနောက် ပထမဆုံးစီနီယာကလပ်နည်းပြချုပ်အဖြစ် ရီးရဲလ်အိုဗီဒိုအား ကိုင်တွယ်လာပါတယ်။

အသက် ၄၉ နှစ်ရှိ ဂန္ထဝင်တိုက်စစ်မှူးဟာ ကစားသမားဘဝတုန်းက ရီးရဲလ်မက်ဒရစ်အတွက် ၁၆ နှစ်ကြာ ကစားစဉ်အတွင်း ၇၄၁ ပွဲကစားကာ ၃၂၃ ဂိုးသွင်းပြီး ၁၂၇ ကြိမ် ဖန်တီးကာ အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

သူဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ရီးရဲလ်မက်ဒရစ်လူငယ်အသင်းအား ၂၀၂၅ ခုနှစ်အထိ လေးနှစ်ကြာ ကိုင်တွယ်ကာ ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။

ယခုအခါမှာတော့ ရာအူးလ်ဟာ စပိန်ဒုတိယတန်းကလပ် အိုဗီဒိုအား ၂၀၂၈ ခုနှစ် အထိ စာချုပ်ဖြင့် ကိုင်တွယ်လာပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဒုတိယတန်းသို့ တန်းဆင်းခဲ့ရတဲ့ အိုဗီဒိုဟာ လာလီဂါသို့ ချက်ချင်းပြန်တန်းတက်ရေး ပစ်မှတ်ထားနေတဲ့ကလပ်လည်း ဖြစ်ပါတယ်။

ရာအူးလ်ဟာ ကစားသမားဘဝတုန်းက ရီးရဲလ်မက်ဒရစ်နှင့်အတူ လာလီဂါဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးခဲ့သလို ရှော်လ်ကေးနှင့်အတူ ဂျာမန်ပိုကယ်ဖလားဆွတ်ခူးခဲ့ဖူးပါတယ်။

သူဟာ ကာတာကလပ် အယ်ဆက်၊ နယူးယောက်ကိ့စ်မို့စ်တို့တွင်လည်း ကစားခဲ့ဖူးပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်လူငယ်အသင်းကို ကိုင်တွယ်စဉ်တုန်းက ယူ-၁၉ အသင်းအား ၂၀၂၀ ခုနှစ် Uefa Youth League ချန်ပီယံဖြစ်အောင် ဦးဆောင်ဖူးပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်ဘက်က နည်းပြချုပ်ရာထူးအတွက် အလွန်ဆိုအား ရွေးချယ်လာချိန်တွင် ကလပ်မှ ထွက်ခွာခဲ့သူလည်း ဖြစ်ပါတယ်။

ရာအူးလ်ကိုင်တွယ်လာတဲ့ အိုဗီဒိုဟာ စပိန်ဒုတိယတန်း အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

image