3 ရက် - ဘာသာပြန်ပါ။

ရက်သတ္တပတ်အတန်ကြာ ကြံ့ခိုင်မှုပြဿနာကြုံလာရပြီးနောက် နယ်သာလန်အသင်းမှ အသင်းခေါင်းဆောင်ဗန်ဒိုက် နုတ်ထွက်

နိုဝင်ဘာ ၁၁

လီဗာပူးအသင်းခေါင်းဆောင်ဗာဗယ်ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း အသေးစားဒဏ်ရာပြဿနာနှင့် ကြုံတွေ့လာရပြီးနောက် နယ်သာလန်အသင်းလူစာရင်းမှ နုတ်ထွက်လာပါတယ်။

နယ်သာလန်ဟာ သောကြာနေ့တွင် ဂရိနှင့်လည်းကောင်း၊ လာမယ့် တနင်္လာနေ့တွင် ဂျာမနီနှင့်လည်းကောင်း နေးရှင်းလိဂ်ပွဲစဉ်များ ကစားရပါမယ်။

နယ်သာလန်အသင်းက အသက် ၃၅ နှစ်ရှိ အသင်းခေါင်းဆောင်မှာ ပွဲကစားရန် ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိမှုကြောင့် နုတ်ထွက်သွားခဲ့ကြောင်း ကြေညာထားပါတယ်။

The Athletic ရဲ့ဖော်ပြမှုအရ လီဗာပူးအသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်များကတည်းက အသေးစားဒဏ်ရာပြဿနာရှိလာခဲ့ပေမယ့်လည်း အနာခံကာ လီဗာပူးအတွက် ကစားလာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဆန်းဒါးလန်းတိုက်စစ်မှူးဘရိုင်ယန်ဘရော့ဘီမှာလည်း နယ်သာလန်အသင်းမှ နုတ်ထွက်လာမှုနှင့်အတူ ဂရိ၊ ဂျာမနီတို့နှင့်ပွဲများကို လွဲလာပါမယ်။

နယ်သာလန်နည်းပြဇာဗီးဟာ ဘရော့ဘီနှင့် ဗန်ဒိုက်တို့ နုတ်ထွက်သွားပေမယ့်လည်း အစားထိုးကစားသမား ရွေးချယ်ထားခြင်း မရှိပါဘူး။

ဗန်ဒိုက်ဟာ ဝက်စ်လေဆနိုက်ဒါရဲ့ နယ်သာလန်အတွက် ၁၃၄ ပွဲကစားထားတဲ့ စံချိန်ကို လိုက်မီရန် ၃၅ ပွဲတည်းသာလိုတော့သူလည်း ဖြစ်ပါတယ်။

image