3 ရက် - ဘာသာပြန်ပါ။

■ မန္တလေး ပြည်ကြီးတံခွန်မြိုနယ်၏ အရှေ့-အရှေ့မြောက်ဘက်ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကး ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

​မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်၏ အရှေ့-အရှေ့မြောက်ဘက် (၃) မိုင်ခန့်အကွာကို ဗဟိုပြု၍ ပမာဏ ၃ ဒသမ ၇ (Richter Scale) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ပြည်တွင်းမြေငလျင်တစ်ခု ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေပိုင်းတွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

​လှုပ်ခတ်သွားသည့် မြေငလျင်မှာ နိုဝင်ဘာ ၁၀ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၄ မိနစ် ၂၅ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ မြောက်လတ္တီတွဒ် (၂၁.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၆) ဒီဂရီ၊ အနက် (၁၁) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း တိုင်းထွာရရှိသည်။

"ငလျင်လှုပ်တာ သိသိသာသာ လှုပ်တာ ခံစားလိုက်ရတယ်။ ကျွန်တော်က စားသောက်ဆိုင်မှာ ထိုင်နေတာ။ အနောက်ကနေ လူတစ်ယောက်က ခုံကို လှုပ်လိုက်သလိုကို ခံစားလိုက်ရတာပါ။ သိပ်တော့မကြာပါဘူး။ အရမ်းကြမ်းတဲ့ ငလျင်လို ထပြီးတော့ မပြေးလိုက်ရပါဘူး။ မိုးတွေလည်းရွာတာ ၂ ရက်လောက်ကိုရှိပြီ"ဟု ချမ်းအေးသာစံမြိုနယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

​အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြိုပေါ်နှင့် အနီးဝန်းကျင် မြိုနယ်များရှိ ဒေသခံအချို ငလျင်လှုပ်ခတ်မှုကို သတိထားမိခဲ့ကြသည်။