1 w - Translate

ဂရန်ရရှိသင့်သူများအား ဂရန်ထုတ်ပေးနိုင်ရေး လေ့လာစစ်ဆေးရေးအဖွဲ ဖွဲစည်းရန် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ လုပ်ငန်းညှိနှိင်းအစည်းအဝေး တက်ရောက်

မန္တလေး၊ နိုဝင်ဘာ ၁၀

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ဂရန်ရရှိသင့်သူများအား ဂရန်ထုတ်ပေးနိုင်ရေးအတွက် လေ့လာစစ်ဆေးရေးအဖွဲ ဖွဲစည်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အောင်မြေသာစံမြိုနယ်ရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လွှတ်တော်စည်ပင်သာယာရေးနှင့် ဖွံဖြိုးရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြတ်သူ၊ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး နိုင်လင်းနှင့် ကော်မတီဝင်များ၊ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးမင်းရဲထွေးနှင့် ဌာနမှူးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဂရန်ရရှိသင့်သူများအား ဂရန်ထုတ်ပေးနိုင်ရေး လေ့လာစစ်ဆေးရေးအဖွဲ ဖွဲစည်းမည့် လုပ်ငန်းစဉ်များနှင့် အဖွဲ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ထိုနောက် တက်ရောက်လာသူများက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။