၂၀၂၆ ခုနှစ်အတွက် Golden Boy ဆုကို စပိန်နှင့် ဘာစီလိုနာနောက်ခံလူကူဘာဆီ ဆွတ်ခူးလာ

နိုဝင်ဘာ ၁၀

ဘာစီလိုနာနှင့် စပိန်နောက်ခံလူပူကူဘာဆီဟာ ကလပ်နှင့် နိုင်ငံအတွက် အကောင်းဆုံးကစားနိုင်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်အတွက် Golden Boy ဆုအား ဆွတ်ခူးလာပါတယ်။

အသက် ၁၉ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ဥရောပရဲ့ အကောင်းဆုံး ယူ-၂၁ ဆုအဖြစ် Golden Boy ဆုအား ဆွတ်ခူးလာတာပါ။

ယင်းဆုကို အီတလီသတင်းစာ Tuttosport က ကြီးမှူး ချီးမြှင့်တာ ဖြစ်ပြီး ဥရောပတလွှား ထိပ်တန်းသတင်းစာများမှ ဂျာနယ်လစ် ၅၀ တို့ရဲ့ မဲအဆုံးအဖြတ်ဖြင့် ရွေးချယ် ချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်။

Tuttosport ဟာ အစောပိုင်း ဆန်ကာတင်စာရင်းအဖြစ် အသက် ၂၁ နှစ်အောက် လူငယ်ကစားသမား ၁၀၀ စာရင်းကို ထုတ်ပြန်ပြီးနောက် ဒုတိယဆန်ကာတင်အဆင့်အဖြစ် ၂၅ ဦး ရွေးချယ်ပြီးမှ နောက်ဆုံး ကူဘာဆီကို အပြီးသတ် ရွေးချယ်လာတာပါ။

ကူဘာဆီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အန်းဒရစ်၊ ယန်ဒေယိုမန်ဒီ၊ ချဲလ်ဆီးပါရမီရှင်အက်စ်တီဗာအို၊ ပီအက်စ်ဂျီမှ ဝါရန်းဇိုင်ရီအမ်မရီ၊ ဘာစီလိုနာမှ မာ့ခ်ဘာနယ်နှင့် ဇာဗီးအက်စ်ပတ်တို့အား ကျော်ဖြတ်ကာ Golden Boy ဆုကို ဆွတ်ခူးလာတာပါ။

ကူဘာဆီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအား လာလီဂါနှင့် စပိန်စူပါဖလားတို့ ရရှိအောင် အဓိကနေရာမှ ကူညီခဲ့သလို စပိန်ကို ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်လည်း အရေးပါတဲ့ အခန်းကဏ္ဍမှ ကူညီပြီးနောက် Golden Boy ဆုကို ဆွတ်ခူးလာတာပါ။

ကူဘာဆီဟာ ဒီဆုကို ဘာစီလိုနာကိုယ်စားပြု ဆွတ်ခူးတဲ့ ပဉ္စမြောက်ကစားသမားလည်း ဖြစ်ပါတယ်။ ကူဘာဆီမတိုင်မီ လီယွန်နယ်မက်ဆီ(၂၀၀၅)၊ ပီဒရီ(၂၀၂၁)၊ ဂါဗီး(၂၀၂၂)၊ ယာမဲလ်(၂၀၂၄)တို့ ဆွတ်ခူးခဲ့ဖူးပါတယ်။

အသက် ၁၉ နှစ်ရှိ ကူဘာဆီဟာ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့ တူရင်တွင် ကျင်းပမယ့် ဆုပေးပွဲအခမ်းအနားတွင် Golden Boy ဆုအား ချီးမြှင့်ခြင်းခံရပါမယ်။

ကူဘာဆီဟာ ၂၀၂၆ ခုနှစ်တွင် Ballon d'O ဆုစာရင်းတွင်လည်း အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

ကူဘာဆီဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၃ ပွဲကစားထားရာမှာ ၂ ကြိမ် ဖန်တီးထားနိုင်ပါတယ်။

image