လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုလိုကြောင်း အလစ်ဆင်ဖွင့်ဟလာ
နိုဝင်ဘာ ၁၀
လီဗာပူးဂိုးသမားအလစ်ဆင်ဘက်ကာက လက်ရှိ စာချုပ်ကုန်ဆုံးမယ့် ယခုရာသီ နှောင်းပိုင်းတွင်လည်း လီဗာပူးတွင်ပင် ဆက်လက် ကစားသွားလိုကြောင်း ဖွင့်ဟလာပါတယ်။
အသက် ၃၄ နှစ်ရှိ ဘရာဇီးဂိုးသမားဟာ ၂၀၁၈ ခုနှစ်တွင် ရိုးမားမှ ပေါင် ၆၆.၈ သန်းဖြင့် ပြောင်းလာပြီးနောက် လီဗာပူးအတွက် ၃၄၇ ပွဲကစားထားသူ ဖြစ်ပါတယ်။
အလစ်ဆင်က "ဟုတ်ကဲ့(ဆက်နေချင်)။ ကျွန်တော့်စိတ်ထဲမှာ ပွဲတိုင်းကစားဖို့ပဲ အာရုံစိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ ဆက်နေရမယ်ဆိုရင် ပျော်တယ်။ အခြားအခြေအနေတွေ ကွဲပြားတဲအချက်တွေ အပေါ်မှာလည်း မူတည်နေတယ်။ ဒါပေမယ့် ကျွန်တော် ဆက်နေချင်တယ်။ ဒီမှာ ပျော်တယ်။ ကျွန်တော့်မိသားစုလည်း ပျော်တယ်။ ဆုဖလားတွေ ဆာလောင်နေတုန်းပါ။ ပိုပြီးတော့ ကောင်းမွန်နိုင်သေးတယ်။ ထိပ်တန်းအဆင့်မှာ တတ်နိုင်သမျှ အကြာကြီး ကစားချင်သေးတယ်။ ကျွန်တော့်ဘက်က ဒါတွေပဲ တွေးထားတယ်"လို့ ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက လီဗာပူးနည်းပြအန်ဒိုနီအိုင်ရာအိုလာက ယခုရာသီမှာ အလစ်ဆင်အတွက် လီဗာပူးနောက်ဆုံးရာသီဖြစ်လာမလားဆိုတာ မသိကြောင်း၊ ဂိုးသမားအား အသင်းတွင် ဆက်ထိန်းထားလိုကြောင်း ဖွင့်ဟသွားပါတယ်။
စာချုပ်သစ်ချုပ်ဆိုရေး သူကိုယ်တိုင် ဆွေးနွေးနေလားလို့ မေးမြန်းလာချိန်တွင် အလစ်ဆင်က "မရှိပါဘူး။ ကျွန်တော့်အေးဂျင့် ကလပ်နဲ့ စကားပြောနေတယ်"လို့ ပြောကြားသွားပါတယ်။