FIFPRO ရဲ့အကောင်းဆုံးအသင်းတွင် Ballon d'Or ဆုရှင် ဟယ်ရီကိန်း ပါဝင်ခြင်း မရှိဘဲ လီယွန်နယ်မက်ဆီ ပါဝင်လာ

နိုဝင်ဘာ ၁၀

2026 FIFPRO Men ရဲ့ World 11 ကို ကြေညာလာရာ ဝါရင့်ကစားသမားကြီးများနှင့် လူငယ်ပါရမီရှင်များ ရောသမမွေ ပါဝင်လာပါတယ်။

ဒါပေမယ့် 2026 FIFPRO Men ရဲ့ World 11 တွင် အငြင်းပွားစရာ အကောင်းဆုံးအဖြစ် မကြာသေးမီတုန်းကမှ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d'Or ကို ဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်း ပါဝင်လာခြင်း မရှိတာ တွေ့ရပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ လီယွန်နယ်မက်ဆီက 2026 FIFPRO Men ရဲ့ World 11 တွင် ပါဝင်လာပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။

သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၈ ဂိုးသွင်းကာ အာဂျင်တီးနားအား ဗိုလ်လုပွဲသို့ တက်ရောက်အောင် ကူညီပေးခဲ့ပြီးနောက် 2026 FIFPRO Men ရဲ့ World 11 တွင် ပါဝင်လာတာပါ။ မက်ဆီဟာ World 11 တွင် ၁၈ ကြိမ်မြောက် ပဝင်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စပိန်ပါရမီရှင်လာမိန်းယာမဲလ်မှာလည်း 2026 FIFPRO Men ရဲ့ World 11 တွင် ပါဝင်လာပြီး အသက် ၂၀ နှစ်မပြည့်မီ World 11 တွင် ၂ ကြိမ်တိုင်တိုင် ပါဝင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။

World 11 တွင် ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းမှ လာမိန်းယာမဲလ်အပြင် ဒေးဗစ်ရာယာ၊ ပူကူဘာဆီ၊ ရိုဒရီဟာနန်ဒက်ဇ်တို့လည်း ပါဝင်ပါတယ်။

တိုက်စစ်သမား ၄ ဦးနေရာတွင် Ballon d'Or ဆုရှင် ဟယ်ရီကိန်း ပါဝင်ခြင်း မရှိဘဲ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင် အာလင်းဟာလန်း၊ ကမ္ဘာ့ဖလားဂိုးသွင်းဘုရင်ကိုင်လီယန်ဘက်ပေးတို့က လာမိန်းယာမဲလ်၊ မက်ဆီတို့နှင့်အတူ ရွေးချယ်ခံလာရပါတယ်။

အလယ်တန်းတွင် ဂျူ့ဘယ်လင်ဂမ်၊ ရိုဒရီနှင့် ဗီတင်ညာတို့ ရွေးချယ်ခံရပြီး ခံစစ်တွင် မန်ဒက်စ်၊ ကူဘာဆီနှင့် ဟာကီမီတို့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

FIFPRO ဟာ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ပရော်ဖက်ရှင်နယ်ကစားသမား ၂၆၀၀၀ ကျော်တို့ရဲ့ မဲဖြင့် World 11 ကို ရွေးချယ်လာတာလည်း ဖြစ်ပါတယ်။

image