4 ရက် - ဘာသာပြန်ပါ။

မုဒုံမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ခရီးသွားသူတစ်ဦး အကြမ်းဖက်များ၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရ

နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ခရီးသွားနေသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရပြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲခန့်တွင် မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာနေ ကိုထက်မြတ်ဝင်း (ခ) စနေဦး၊ အသက် ၂၂ နှစ်သည် မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာမှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကနာလိုကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်စဉ် နိုင်လှုံကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ကိုထက်မြတ်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ည ၇ နာရီခန့်တွင် မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိကုသမှုခံယူခဲ့သည်ဟု သိရပြီး အဆိုပါပစ်ခတ်မှုကို ကျူးလွန်ခဲ့သည့်အဖွဲ့အား အတည်ပြုစိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

image