ကလေးမြို့လေဆိပ်မှာ မှတ်ပုံတင်အတု ကိုင်ထားတဲ့ အမျိုးသား နှစ်ဦး အဖမ်းခံရ
နို၀င်ဘာ ၈
စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေဆိပ်မှာ ဒီနေ့ နိုဝင်ဘာလ ၇ ရက်နေ့က မှတ်ပုံတင်အတု ကိုင်ထားလို့ အမျိုးသား နှစ်ဦး အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
ဒီလို စာရွက်စာတမ်း အတုတွေကို လုံးဝမလုပ်ကြဖို့ကိုလည်း စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်းက သတိပေးထားပါတယ်။
ဒီလို မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား အတုတွေကြောင့် လိုက်ဖြေရှင်းပေးနေရတာ ဆယ်ဂဏန်းမက ရှိနေပြီဖြစ်ပြီး အတော်လေး အခက်အခဲရှိတာကြောင့် ဒီလို အတုတွေကို လုံးဝမလုပ်ကြဖို့ ဦးငွန်ဘွာလ်ထန်းက ဆိုပါတယ်။
" အတုတွေတော်တော်များများက ပွဲစားနဲ့ ပိုက်ဆံပေးပြီး လုပ်ခိုင်းတဲ့ဟာတွေပေါ့။ သူတို့က ပိုက်ဆံရပြီးရော လုပ်ကြတာဆိုတော့ အတုလို ဖြစ်သွားတာပေါ့။ အဖမ်းခံရသူတွေကို ဘာဆက်လုပ်မလဲ မကြားရသေးဘူး။ " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မှတ်ပုံတင်နဲ့ အိမ်ထောင်စု အတုကိုင်ရင် ဘယ်လို ပြစ်ဒဏ်မျိုးနဲ့ အရေးယူခံရမလဲဆိုတဲ့ ဥပဒေပြစ်ဒဏ် အတိအကျကို မသိရသေးပေမဲ့ အခုလိုကာလမှာ ဖြေရှင်းရတာ ခက်ခဲတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တချို့က အတုမှန်း သိပေမယ့်ကိုင်ဆောင်ကြသလို အများစုကတော့ မသိဘဲ ကိုင်ဆောင်မိတာမျိုး ဖြစ်တယ်လို့ ပြောကြပါတယ်။