2 ရက် - ဘာသာပြန်ပါ။

စည်းကမ်းချိုးဖောက်မှုကြောင့် ၃ ပွဲဆက် ချန်လှပ်ခံရပြီးနောက် အဲဗာတန်နှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းလာတဲ့ ဂျက်ဂရဲလ်လစ်ရှ်

နိုဝင်ဘာ ၈

ဂျက်ဂရဲလ်လစ်ရှ်ဟာ စည်းကမ်းချိုးဖောက်မှုကြောင့် ၃ ပွဲဆက် လူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် အဲဗာတန်အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်ရှိ တောင်ပံကစားသမားဟာ စည်းကမ်းချိုးဖောက်မှုကြောင့် နယူးကာဆယ်အား အနိုင်ရတဲ့ ပွဲ ၂ ပွဲအပြင် မနေ့ညတုန်းက ကိုဗင်ထရီအား အနိုင်ရတဲ့ပွဲတို့အတွက် အဲဗာတန်လူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်စတားဟာ အောက်တိုဘာလ ၁၇ ရက်နေ့ ချဲလ်ဆီးအား ရှုံးနိမ့်တဲ့ပွဲစဉ်ပြီးကတည်းက အဲဗာတန်အတွက် ကစားခွင့်မရခဲ့တာပါ။

ဒေးဗစ်မိုယက်စ်ဟာ လေ့ကျင့်ရေးအစီအစဉ်အား ပျက်ကွက်မှုကြောင့် နောက်ပိုင်းပွဲများတွင် ဂျက်ဂရဲလ်လစ်ရှ်အား အသုံးမပြုဘဲ အရေးယူလာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ဂျက်ဂရဲလ်လစ်ရှ်ဟာ အဲဗာတန်နှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ ဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်လာမယ့် အခွင့်အရေး ရလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ဗြိတိန်မီဒီယာများရဲ့‌ဖော်ပြမှုအရ ဂျက်ဂရဲလ်လစ်ရှ်ဟာ လန်ဒန်တွင် ၂ ညတိုင်တိုင် ညဖက်အပြင်ဘက်သောက်စားနေမှုနှင့်အတူ အဲဗာတန်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်အား တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

image